ဇီးကုန်းမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ ပြည်သူများအား နှာခေါင်းစည်း(၅၀၀)ခု လိုက်လံ ဝေငှ

ဇီးကုန်း  စက်တင်ဘာ ၁၀

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ဇီးကုန်းမြို့နယ်တွင် ယနေ့နံနက် ၈ နာရီက မြို့နယ် စားသုံးသူရေးရာ ဦးစီးဌာနမှ ပြည်သူများအား နှာခေါင်းစည်းများ ဝေငှပေးခဲ့ကြောင်း သိရသည်။

စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံ ဦးတင်မြင့်နှင့် ဝန်ထမ်းများသည် ရန်ကုန်- ပြည် ကားလမ်းမီးပွိုင့်တွင် ခရီးသွားပြည်သူများအားလည်းကောင်း၊ ဟင်းသီးဟင်းရွက်ယာယီဈေးနှင့် သားငါးယာယီဈေးတို့တွင်  ဈေးရောင်း ဈေးဝယ်လာသူများအား ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ်နိုင်ရန် နှာခေါင်းစည်းအခု(၅၀၀)အား လိုက်လံဝေငှပေးခဲ့ပြီး အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

တင့်ဆွေ(ပြန်/ဆက်)