မင်းလှ ဇူလိုင် ၂၁
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်စည်သာယာရေးအဖွဲ့က မြို့မဈေးကြီးအတွင်း ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး အသိပညာပေးနှိုးဆော်ပေးခြင်းနှင့် နှာခေါင်းစည်း(Mask)များဖြန့်ဝေပေးခြင်းကို ယနေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့သည်။
မြို့နယ်စည်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဒေါ်ခင်သီတာဝင်းဦးဆောင်မှုဖြင့် ဝန်ထမ်းများက ကိုဗစ်-၁၉ ရောဂါအိုမီခရွန်မျိုးရိုးဗီဇပြောင်းရောဂါပိုး ဘီအေ-၄နှင့်ဘီအေ-၅ တွေ့ရှိမှုများနှင့်ပတ်သတ်၍ ပြည်သူများအနေဖြင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးအကြိမ်ပြည့်ထိုးနှံကြရန်၊ လက်ကိုစင်ကြယ်စွာဆေးကြောရန်၊ နှာခေါင်းစည်းတပ်ဆင်ရန်တို့ကို Hand Speaker ဖြင့် အသိပညာပေးနှိုးဆော်ခဲ့သည်။
ထို့နောက် Mask Campaign ဆောင်ရွက်မှုအဖြစ် ဈေးရောင်းချသူများကို (Mask)နှာခေါင်းစည်းဝေဌ၍ တပ်ဆင်စေခြင်း၊ ဈေးဝယ်သူများအား(Mask) နှာခေါင်းစည်းဝေဌပေးခြင်းနှင့် မြို့မဈေးကြီးရှေ့၌ လမ်းသွားလမ်းလာများကို (Mask)နှာခေါင်းစည်းဖြန့်ဝေပေးခြင်းတို့ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ပေါက်စ (မင်းလှ)