သာယာဝတီ စက်တင်ဘာ ၁၀
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်၌ ၂၀၂၀ ပြည့်နှစ်၊ အထွေထွေရွေးကောက်ပွဲ တွင် ပြည့်စုံမှန်ကန်သော မဲဆန္ဒရှင်စာရင်းရရှိရေးအတွက် ဒုတိယအကြိမ် မဲဆန္ဒရှင်စာရင်း စီစစ်ရေး လုပ်ငန်းကော်မတီဝင်များ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီက မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးတွင် ကျင်းပသည်။
အစည်းအဝေးတွင် မြို့နယ်မဲဆန္ဒရှင်စာရင်း စိစစ်ရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ ဦးခင်မောင်သင်က အခြေခံမဲဆန္ဒရှင်စာရင်းများ ပထမအကြိမ် ကပ်ထားကြေညာမှုနှင့် ပတ်သတ်၍ မဲစာရင်းများ ပြည့်စုံ မှန်ကန်စေရေး မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာများအနေဖြင့် ဝိုင်းဝန်းကူညီဆောင်ရွက်ပေးစေလိုကြောင်း၊ သက်ဆိုင်ရာ မဲဆန္ဒနယ် အလိုက် မဲဆန္ဒရှင်စာရင်းစိစစ်ရေး လုပ်ငန်း ကော်မတီဝင်များအား တာဝန်ပေးထားပြီးဖြစ်၍ ကူညီဆောင်ရွက်ပေးစေလိုကြောင်းပြောကြား သည်။
ဆက်လက်၍ မြို့နယ်မဲဆန္ဒရှင်စာရင်း စီစစ်ရေးလုပ်ငန်းကော်မတီ ဒုဥက္ကဋ္ဌ ဦးအားလွန်က ပထအကြိမ် မဲဆန္ဒရှင်စာရင်း ကပ်ထားကြေညာရာတွင် လိုအပ်ချက်များကို ဒုတိယအကြိမ် မဲဆန္ဒရှင်စာရင်းကြေညာ ရာတွင် ပြည့်စုံမှန်ကန်သည့် မဲဆန္ဒရှင်စာရင်းများရရှိရေး ဆောင်ရွက်လျက်ရှိကြောင်းနှင့် မဲဆန္ဒရှင် စာရင်း စိစစ်ရေးလုပ်ငန်းကော်မတီ၏ ဆောင်ရွက်ရမည့်လုပ်ငန်းကို ဆွေးနွေးသည်။
ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာကြသည့် မဲဆန္ဒရှင်စာရင်းစိစစ်ရေးလုပ်ငန်း ကော်မတီ အဖွဲ့ဝင်များက ဖွဲ့စည်းတာဝန်ပေးအပ်ထားသည့် ကဏ္ဍအလိုက် အသီးသီးပြန်လည်ဆွေးနွေးခဲ့ကြောင်း သိရသည်။
သန့်ဇော်(ပြန်/ဆက်)