ပြည်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ ပေါက်ခေါင်းမြို့ ဒေသဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများအား ကြည့်ရှုစစ်ဆေး

ပေါက်ခေါင်း ဇူလိုင် ၂၁

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးသိန်းအောင် ဦးဆောင်၍၊ ပေါက်ခေါင်းမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဖြိုးသူမောင်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများသည် ယမန်နေ့က ပေါက်ခေါင်းမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်နေသည့် အခြေအနေများကို ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့စစ်ဆေးဆောင်ရွက်ရာတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် မြို့နယ်အဖွဲ့ဝင်များ ပေါက်ခေါင်းမြို့နယ် တောင်နဝင်းတူးမြောင်းမှမြောက်နဝင်း လက်ဝဲမြောင်းသို့ မိုးစပါး စိုက်ပျိုးရေရရှိရေး‌ ရေကူလွှတ်ပေးနေမှုနှင့် မြောက်နဝင်းလက်ဝဲမြောင်းမှ ရေပေးဝေမှု အခြေအနေများ၊ ချောင်းကျိုးကျေးရွာ တောင်သူဦးအောင်အောင်၏ မိုးနေကြာ(၅)ဧက စိုက်ပျိုးထားရှိမှုနှင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကုန်ထုတ်လုပ်မှုဖွံ့ဖြိုးတိုးတက်ရေး ကိစ္စရပ်များ ဆွေးနွေးပြောကြားနေမှုနှင့် ကျေးလက်ဦးစီးဌာနမှပြည်သူများအား ဆပ်ပြာပြုလုပ်နည်း အဆင့်ဆင့် သင်ကြားပေးနေမှုတို့ကို ကြည့်ရှုအားပေးခဲ့သည်။ ဆက်လက်၍ ခရိုင်စီမံအုပ်ချုပ် ရေးမှူးနှင့်အဖွဲ့ဝင်များသည် ဗောဓိကုန်းကျေးရွာ ကုန်ထုတ်လမ်းဆောင်ရွက်‌နေမှု အခြေအနေများနှင့် မြို့နယ်လျှပ်စစ်အင်ဂျင်နီယာရုံးတွင် အိမ်ခြေ၊ အိမ်‌ထောင်စု၊ လူဦး‌ ရေစာရင်းများအား EID စနစ်ဖြင့် ပုံစံ ၆၆/၆ များအား Software အသုံးပြု၍ Data Base များရေးသွင်းနေမှုများကို ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

သန်းထွန်းအောင်