သံတောင်ကြီး ဇူလိုင် ၂၁
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့နယ်တွင် ပြည်သူများအနေဖြင့် ယာဉ်စည်းကမ်းလမ်းစည်းကမ်းနှင့်ပတ်သက်သည့် အကြောင်းအရာများ သိရှိစေရန် မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ ယာဉ်စည်းကမ်းလမ်းစည်းကမ်း အသိပညာပေး Talk Show ကို ယနေ့နံနက်(၉)နာရီအချိန်က လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ပြုလုပ်ဆောင်ရွက်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး နော်လော်မူက ယာဉ်စည်းကမ်းလမ်းစည်းကမ်း အသိပညာပေး Talk Show ပြုလုပ်ရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့ပြီး သံတာင်ကြီးမြို့နယ် ရဲတပ်ဖွဲ့မှူး ရုံးရဲမှူးမောင်မောင်က ယာဉ်မောင်း သူများ လိုက်နာရမည့် စည်းကမ်းများ၊ ယာဉ်တိုက်မှုဖြစ်ပွားစေသည့် အကြောင်းရင်းများ၊ ယာဉ်မမောင်းခင်ယာဉ်များကို သေချာစွာစစ်ဆေးရန်၊ မြို့တွင်းလမ်းမများတွင် ထားရှိသည့် သင်္ကေတ အမှတ်အသားအဓိပ္ပာယ်များ ၊ ယာဉ်စည်းကမ်း လမ်းစည်းကမ်းများ ဖောက်ဖျက်ပါက ကျခံရမည့် ပြစ်မှုပြစ်ဒဏ်များ၊ ယာဉ်စည်းကမ်းလမ်းစည်းကမ်းနှင့် ပတ်သက်သည့် အကြောင်းအရာများကို ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။
နော်နော်မူ