ကျောက်တံခါးမြို့နယ်၌ ကျောင်းသား /ကျောင်းသူများအား ဒုတိယအကြိမ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံ

ကျောက်တံခါး ဇူလိုင် ၂၁

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ကျောက်တံခါးမြို့နယ်အတွင်းရှိ အခြေခံပညာအထက်တန်း၊ အလယ်တန်း၊ မူလတန်းနှင့် ဘုန်းတော်ကြီးသင်ပညာရေး ကျောင်းများမှ အသက်(၅)နှစ်မှ (၁၂)နှစ်အတွင်းရှိ ကျောင်းသား ကျောင်းသူများအား ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းကို ယနေ့နံနက်ပိုင်းက အခြေခံပညာအထက်တန်း (ကျောက်တံခါး)ကျောင်းတွင် ဆက်လက်ထိုးနှံပေးသည်။

 အဆိုပါ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံရာတွင် အသက်(၅)နှစ်မှ(၁၂)နှစ်အတွင်း (၁၅၅)ဦး၊ အသက်(၁၂)နှစ်အထက်(၂၀)ဦး စုစုပေါင်း(၁၇၅)ဦးအား   ကျန်းမာရေးဝန်ထမ်းများက ထိုးနှံပေးကြပြီး ဆရာဆရာမများ၊ ကျောင်းအကျိုးဆောင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့များက သတ်မှတ်နေရာသို့ လိုက်ပါပို့ဆောင်ပေးခြင်း၊ လိုအပ်သည့်ကူညီမှုများဆောင်ရွက်ပေးခြင်း၊ စာရင်းမှတ်တမ်းရေးသွင်းခြင်း၊ ကောက်ယူခြင်းတို့ကို စနစ်တကျဆောင်ရွက်ပေးခဲ့ပြီး ကိုဗစ်-၁၉ စည်းကမ်းနှင့်အညီ ပူးပေါင်းကူညီဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)