ထားဝယ် ဇူလိုင် ၂၁
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့ရှိဆေးဆိုင်များတွင်ဆေးဝါး/ဆေးပစ္စည်း ဘေးအန္တရာယ်ကင်းရှင်းရေးအတွက် ယမန်နေညနေပိုင်းက တိုင်းဒေသကြီးအစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန ဦးဆောင်သောပူးပေါင်းအဖွဲ့များက ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ထို့နောက် တိုင်းဒေသကြီးအစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးမှူး ဒေါ်မေသန်းနိုင် ဦးဆောင်၍ ထားဝယ်မြို့နယ် အစား အသောက်နှင့် ဆေးဝါးကြီးကြပ်ကွပ်ကဲရေးကော်မတီအဖွဲ့ဝင်များ၊ တရားမဝင် ကုန်စည်တားဆီးတိုက်ဖျက်ရေးအဖွဲ့များက ထားဝယ်မြို့နယ် မြို့သစ်(၃)လမ်းရှိ ဆန်းသစ်လွင်၊ (၄) လမ်းရှိ AYE ဆေးရုံ၊ တဂူသိမ်လမ်းရှိ ကောင်းသစ္စာ၊ ဒေါ်တင်မျိုးခိုင်ဆေးခန်း၊ ရေးလမ်း၊ ထိန်လယ် ရပ်ကွက်ရှိအောင်သုခနှင့် လမင်းသစ်ဆေးဆိုင်(၆)ဆိုင်တွင်ဆေးဝါး/ဆေးပစ္စည်း ဘေးအန္တရာယ် ကင်းရှင်းရေးအတွက် ကောင်း မွန်သော ဆေးဝါးရောင်းချမှုကျင့်စဉ်နှင့်ညီ/မညီ၊ ကောင်းမွန်သောဆေးဝါး သိုလှောင်မှုရှိ/မရှိ၊ ဆေးဝါးအတုများ၊ သက်တမ်းလွန်၊ လိုင်စင်မဲ့များအားကြည်ရှုစစ်ဆးပြီး online မှ တရားမဝင်ကြေငြာသော အန္တရာယ်ရှိဆေးဝါးများအား မရောင်းချရန် အသိပညာပေးပြောကြားခဲ့သည်။
ဆက်လက်၍ ဆေးဆိုင်များတွင် လာရောက်ဝယ်ယူသူများအား ဆေးဝါးဝယ်ယူရာတွင်လိုက်နာရမည့် အချက်များပါဝင်သည့် လက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ရွှေပင်လယ်(ထားဝယ်)