ဒေးဒရဲမြို့၌ အခြေခံပညာ မူလတန်းအဆင့် စာဖတ်စွမ်းရည်ပြိုင်ပွဲကျင်းပ

ဒေးဒရဲ ဇူလိုင် ၂၁

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်ရုံး (Community Centre) ခန်းမတွင် လူငယ်များ စာပေဖတ်ရှုမှု ပိုမိုမြင့်မားလာစေရန် ရည်ရွယ်၍ အခြေခံပညာမူလတန်းအဆင့် စာဖတ်စွမ်းရည်ပြိုင်ပွဲကို  ယနေ့ နံနက် (၁၀)နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်မြင့်မြင့်ခိုင်က ကျောင်းသား လူငယ်များ စာပေလေ့လာဖတ်ရှုသည့် အလေ့အကျင့်ကောင်းများ ရရှိစေရေး၊ စာဖတ်ရှိန်မြှင့်တင်နိုင်ရေးနှင့် စာဖတ်စွမ်းရည် တိုးတက်လာစေရန် ရည်ရွယ်၍  စာဖတ်စွမ်းရည်ပြိုင်ပွဲ ကျင်းပပြုလုပ်ရခြင်းဖြစ်ကြောင်း ရှင်းလင်းဆွေနွေးခဲ့သည်။ ထို့နောက် အခြေခံပညာ မူလတန်းအဆင့် ကျောင်းသား၊ ကျောင်းသူလေးများက စာဖတ်စွမ်းရည်ပြိုင်ပွဲကို စာရေးဆရာ ဝင်းဖေ(အဖျောက်) ရေးသားသည့် ဇွဲမလျော့စတမ်း၊ တူယှဉ်တွဲလို့ နေကြမယ်စာအုပ်နှင့် စာရေးဆရာ နေခြည်ရေးသားသည့် ထာဝရသူငယ်ချင်း ဖြစ်ကြစို့ စသည့် စာအုပ်များဖြင့် အသီးသီးပါဝင်ယှဉ်ပြိုင်ခဲ့ကြရာ ပြိုင်ပွဲတွင် ဆုရရှိသည့် ကျောင်းသား၊ ကျောင်းသူများအား တာဝန်ရှိသူများက အမှတ်တရ လက်ဆောင်များ ပေးအပ်ချီးမြှင့်ခဲ့ကြသည်။

ဆက်လက်ပြီး   မြို့နယ်ရုံးက ပြသထားသော  မူးယစ်​ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေး အသိပညာပေး မှတ်တမ်းဓာတ်ပုံများနှင့် လူကုန်ကူးမှု တားဆီးကာကွယ်ရေး အသိပညာပေး နံရံကပ်စာစောင်များအား အသိ ပညာပေးပြသထားရာ ပြိုင်ပွဲသို့ တက်ရောက်လာသော ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြောင်း သိရသည်။

အေဇာလင်း(ပြန်/ဆက်)