ကျိုက်ဒုံမြို့ လူထုအခြေပြုဗဟိုဌာနတွင် စာဖတ်ဝိုင်းကျင်းပ

ကျိုက်ဒုံ မတ် ၁၁

ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကျိုက်ဒုံမြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယနေ့ နေ့လယ်  ၁၂ နာရီ အချိန်က စာအုပ်စာပေ ချစ်မြတ်နိုးသည့် (Book Club) အသင်း စာဖတ်ဝိုင်း ဆွေးနွေးပွဲ ကျင်းပသည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျိုက်ဒုံမြို့ ဦးစီးမှူးဦးကျော်လင်းနိုင်က အမှာစကားပြောကြားရာတွင် အားလပ်သော အချိန်များတွင် စာဖတ်ခြင်းအလေ့အထ များရရှိလာစေရန်၊ စာဖတ်ရှိန် ပိုမိုမြှင့်မားပြီး အသိပညာ ဗဟုသုတ တိုးပွားလာစေရန်၊ စာအုပ်စာပေချစ်မြတ်နိုးသူများ အချင်းချင်း ချစ်ခင်ရင်းနှီးမှုများရရှိလာစေရန်၊ ပူးပေါင်းပါဝင်ဆောင်ရွက်တက်စေရန်အတွက် ရည်ရွယ်၍ စာဖတ်ဝိုင်းကျင်းပရခြင်း ဖြစ်ကြောင်း ရှင်းလင်း ပြောကြားသည်။

ဆက်လက်၍ စာဖတ်ဝိုင်း ဆွေးနွေးပွဲ စတင်ကျင်းပရာ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျိုက်ဒုံမြို့ဦးစီးမှူး ဦးကျော်လင်းနိုင်က စာရေးဆရာကိုကိုလင်း (အမေ့အိမ်) ရေးသားထားသော ''လူကြီးတွေက စပြင်ပါ'' စာအုပ်ဖြင့် ဦးဆောင်၍ ဆွေးနွေးခဲ့ပြီး တက်ရောက်လာသည့် စာအုပ်စာပေ ချစ်မြတ်နိုးသည့် (Book Club) အသင်းဝင်များမှ စာအုပ်ပါအကြောင်းအရာများအား မိမိတို့ ကြိုက်နှစ်သက်သည့် ခေါင်းစဉ်များဖြင့် အသီးသီး ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

သန်းထွန်းနိုင်(ပြန်/ဆက်)