လက်ပံတန်း ဇူလိုင် ၂၁
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနမှ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ အိမ်ထောင်စုလူဦးရေစာရင်း(ပုံစံ-၆၆/၆)များအား Software ရိုက်သွင်းခြင်းလုပ်ငန်းများကို ဇူလိုင် ၁၈ မှစတင်၍ ဆောင်ရွက်လျက်ရှိကြောင်း အဆိုပါဦးစီးဌာနမှသိရသည်။
လက်ပံတန်းမြို့နယ်တွင် အိမ်ထောင်စုလူဦးရေစာရင်း(၄၆၅၄၂)စုကို သတ်မှတ်ရက်(၄၅)ရက်အတွင်းမှာ Software ရိုက်သွင်းခြင်းလုပ်ငန်းပြီးစီးအောင် ဆောင်ရွက်သွားမှာဖြစ်ပြီး လက်ရှိလုပ်ငန်းဆောင်ရွက်သည့် နေရာမှာလည်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်းများ၊ မြို့နယ်လဝကရုံးဝန်ထမ်းများနှင့် မြို့နယ်ဌာနဆိုင်ရာဝန်ထမ်းများနှင့်ပူးပေါင်းပြီး ကွန်ပျူတာ(၃၁)လုံးဖြင့် Software စာရင်းသွင်းခြင်းလုပ်ငန်း ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
အိမ်ထောင်စုလူဦးရေစာရင်း(ပုံစံ-၆၆/၆)များအား Software ရိုက်သွင်းခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဘုန်းလှိုင်နှင့်အဖွဲ့ဝင်များ၊ တာဝန်ရှိသူများက ကြည့်ရှုအားပေးခဲ့ကြကာ သတ်မှတ်ရက်အတွင်း လုပ်ငန်းများအချိန်မှီပြီးစီးရေးတို့အတွက် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြကြောင်း တာဝန်ရှိသူတစ်ဦးထံမှသိရှိရသည်။
မြို့နယ် (ပြန်/ဆက်)