ဘုရားသုံးဆူမြို့ (Community Center) ခန်းမ၌ လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေး (Talk Show) ဆောင်ရွက်

ဘုရားသုံးဆူ  ဇူလိုင် ၂၁

ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင် ဘုရားသုံးဆူမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Center) ခန်းမ၌  ယမန်နေ့ မွန်းလွဲ ၁ နာရီက လူကုန်ကူးမှု တားဆီးကာကွယ်ရေးအသိပညာပေး (Talk show)ဆွေးနွေးပွဲ ကျင်းပပြုလုပ်သည်

ဆွေးနွေးပွဲတွင် Book Club အဖွဲ့၀င် ဒေါ်စန္ဒ၀င်းမှ လူကုန်ကူးမှုသည်  လူသားအချင်းချင်း ခေါင်းပုံဖြတ်အမြတ်ထုတ်ခြင်း၊ လူကုန်ကူးမှုမခံရစေရန် အသိပညာပေးလုပ်ငန်းများကို လေ့လာထားသင့်ကြောင်း စတင်ဆွေးနွေးသည်။ ထို့နောက် ပြန်ကြားရေး နှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးတာ၀န်ခံ ဦးအောင်သူဟိန်း(ဓါတ်ပုံ-၂)မှ လူကုန်ကူးမှုပုံစံများ၊ လူကုန်ကူးသူပွဲစားများ ၏ စည်းရုံးလေ့ရှိသော ပုံစံများ၊ လူကုန်ကူးမှုဖြစ်စဉ်များ၊ လူကုန်ကူးမှုနှင့်ပတ်သတ်သည့်ပြစ်မှု၊ ပြစ်ဒဏ်ဥပဒေများကိုလည်း ထည့်သွင်းဆွေးနွေးပေးခဲ့ကြောင်း သိရသည်။ အဆိုပါ အသိပညာပေး(Talk Show)ဆွေးနွေးပွဲအား ပြည်သူလူထုများ အလွယ် တကူ လေ့လာသိရှိနိုင်စေရေးအတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံး၏ We Love Phayathonezu Pageတွင် လွင့်တင်ဖော်ပြသွားမည်ဖြစ်ကြောင်း သိရသည်။

 

ဘုရားသုံးဆူ(ပြန်/ဆက်)