ပြည် ဇူလိုင် ၂၁
လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့နယ်မှ မြို့နယ်အတွင်းရှိ အိမ်ထောင်စုလူဦးရေစာရင်း (ပုံစံ-၆၆/၆) အချက်အလက်များအား ကွန်ပျူတာဆော့ဖ်ဝဲ(software)ဖြင့် e-ID ရေးသွင်းဆောင်ရွက်ခြင်းကို ပြည်မြို့ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း (တိုင်းဒေသကြီးရုံးခွဲ) ခန်းမဆောင်၌ ဇူလိုင် ၁၈ ရက်နံနက်ပိုင်းက စတင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ယင်းလုပ်ငန်းများဆောင်ရွက်နေမှုကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနိုင်လင်းဦးနှင့် တာဝန်ရှိသူများက ကြည့်ရှုအားပေးစကား ပြောကြားကာ ပြည်မြို့နယ်အတွင်းရှိ အိမ်ထောင်စုလူဦးရေစာရင်း စုစုပေါင်း (၆၀၀၂၃) ခု၏ (ပုံစံ-၆၆/၆) အချက်အလက်များအား သတ်မှတ်ရက်အတွင်း အချိန်မီရေးသွင်းနိုင်ရေး ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါပြည်မြို့နယ်ရှိ အိမ်ထောင်စုလူဦးရေစာရင်း စုစုပေါင်း (၆၀၀၂၃)ခု၏ (ပုံစံ-၆၆/၆) အချက်အလက်များအား ကွန်ပျူတာဆော့ဖ်ဝဲ(software ) ဖြင့် e-ID ရေးသွင်းဆောင်ရွက်ခြင်းကို မြို့နယ်လဝကမှဝန်ထမ်း(၁၁)ဦး နှင့် အခြားဌာနဆိုင်ရာ ဝန်ထမ်း(၃၅)ဦး၊ စုစုပေါင်းအင်အား (၄၆)ဦးတို့က ကွန်ပျူတာအလုံး(၃၀)ဖြင့် သတ်မှတ်ကာလရက်(၃၀)အတွင်း အချိန်မီပြီးစီးနိုင်ရေး ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်လဝကဦးစီးမှူး ဦးဇော်နိုင်သန်းထံမှ သိရသည်။
ကိုဆက်