ငပုတောမြို့၌ (၂၃) ကြိမ်မြောက် ဆို၊ က၊ ရေး၊ တီး၊ အောင်နိုင်ရေး အလံပေးအပ်ပွဲ အခမ်းအနား ကျင်းပ

ငပုတော ဇူလိုင် ၂၁

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်တွင်(၂၃) ကြိမ်မြောက် ဆို၊ က၊ ရေး၊ တီး ​ပြိုင်ပွဲဝင်များအား အောင်နိုင်ရေးအလံ ပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့ နေ့လည်(၁၂)နာရီ အချိန်က အ​ခြေခံပညာအထက်တန်းကျောင်း နဝရတ်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်သူနှင့်အဖွဲ့ဝင် (၁) ဗိုလ်မှူး ဖြိုးသူရကျော်၊ အဖွဲ့ဝင် (၂) ဦးသန်းဦး၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများ မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေး အသင်းဥက္ကဋ္ဌ ဒေါ်နီလာထွန်းနှင့် အဖွဲ့ဝင်များ၊  ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။

အဆိုပါ အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်သူက အဖွင့်အမှာစကား ပြောကြားခဲ့သည်။ ထို​နောက်မြို့နယ်ကိုယ်စားပြု ပြိုင်ပွဲဝင်များကိုယ်စား ပြိုင်ပွံဝင်အုပ်ချုပ်သူ အဖွဲ့ဝင် (၂ )ဦးသန်းဦးထံသို့ အောင်နိုင်ရေးအလံပေးအပ်ခဲ့ပြီးနောက် ခရီးစရိတ်၊ စားစရိတ်နှင့်  အထွေထွေကုန်ကျစရိတ်အား မြို့နယ်တာဝန်ခံ ဦးဝင်းထွဋ်အောင်ထံသို့ လည်းကောင်း ပေးအပ်ခဲ့ပြီး ကဗျာလွတ်အက ပြိုင်ပွဲဝင်များအတွက် ဝတ်စုံစရိတ်အား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် (၁) ဗိုလ်မှူးဖြိုးသူရကျော် ကလည်းကောင်း၊ ကဗျာလွတ် ပြိုင်ပွဲဝင်များအတွက် ဝတ်စုံစရိတ်နှင့် အလှပြင်ဆင်စရိတ်အား မြို့နယ်အမျိုးသမီးရေးရာ အဖွဲ့ဥက္ကဋ္ဌ ဒေါ်နီလာထွန်းမှ ပေးအပ်ခဲ့သည်။ ထို့နောက် (၂၃)ကြိမ်မြောက် ဆို၊ က၊ ရေး၊ တီးပြိုင်ပွဲဝင် ကိုယ်စားပြုများမှ  ​ဖျော်​ဖြေ​ရေး အစီအစဥ်များဖြင့်  ဧည့်ခံဖျော်ဖြေခဲ့ကြ​ကြောင်း  သိရသည်။

အောင်သူ(ပြန်/ဆက်)