တောင်တွင်းကြီးမြို့နယ် ပွဲစား၊ ကုန်သည်၊ စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း ကုန်စည်ဒိုင် အလုပ်အမှု‌ဆောင်အသစ် ပြန်လည်ရွေးချယ်ဖွဲ့စည်း

တောင်တွင်းကြီး ဇူလိုင် ၂၁

မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ် ပွဲစား၊ ကုန်သည်၊ စက်မှု၊ လက်မှု၊ လုပ်ငန်းရှင်များအသင်း ကုန်စည်ဒိုင်နှစ်ပတ်လည် သင်းလုံးကျွတ်အစည်းအဝေးနှင့် ကုန်စည်ဒိုင် အလုပ်အမှုဆောင်အသစ် ပြန်လည်ရွေးချယ်ပွဲကို ယမန်နေ့နံနက် (၁၀) နာရီအချိန်က တောင်တွင်းကြီးမြို့နယ် စားသုံးသူ‌ရေးရာဦးစီးဌာန ကုန်စည်ဒိုင်တွင် ကျင်းပခဲ့သည်။

ရွေးချယ်ပွဲသို့ တက်‌ရောက်လာကြသည့်ပွဲစား၊ ကုန်သည်စက်မှုလက်မှုလုပ်ငန်းရှင်များမှ တစ်ဦးချင်းမိတ်ဆက်စကား‌ပြောကြားခဲ့ပြီး မြို့နယ်စားသုံးသူ‌ရေးရာဦးစီးဌာန တာဝန်ခံ‌ ဒေါ်ဌေးဌေးက ကုန်စည်ဒိုင်အသစ်ကို အလုပ်အမှုဆောင်(၂၅)ဦးဖြင့် ရွေးချယ်ဖွဲ့ဆည်းရမည်ဖြစ်‌ကြောင်း၊ အသင်းကျစ်လစ်ခိုင်မာ‌‌တောင့်တင်းမှသာလျှင်‌ ဒေသခံ‌တောင်သူများ၏ လူမှုစီးပွားဘဝ ဘက်စုံဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း‌ ရှင်းလင်းဆွေးနွေးခဲ့သည်။

ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၁)ဗိုလ်မှူးသက်ခိုင်ထွန်း၊ အဖွဲ့ဝင်(၂) ဦးလှသောင်းတို့က အမှာစကား‌ပြောကြားခဲ့ပြီး ဆီစက်၊ ဆန်စက်၊ ပွဲရုံလုပ်ငန်းရှင်များမှ ကုန်စည်ဒိုင်ဥက္ကဋ္ဌ ဦးမောင်ချို ပါအလုပ်အမှုဆောင်(၂၅)ဦးတို့ကို အသစ်ပြန်လည်ဖွဲ့စည်း ရွေးချယ်ပေးခဲ့ကြောင်း သိရသည်။

နိုင်ဝင်း