ဝါးခယ်မ ဇူလိုင် ၂၁
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစွမ်းထက်နှင့် ပြည်ထဲရေးဝန်ကြီးဌာန မိသားစုဝင်များမှ စုပေါင်း၍ ယမန်နေ့ နံနက် ၉ နာရီအချိန်က ဝါးခယ်မမြို့နယ်၊ ရွာလယ်ရပ်ကွက်၊ ရွာလယ်ကျောင်းသစ် စာသင်တိုက်ရှိ ဆရာတော်သံဃာတော်များအား ဆွမ်းဆန်တော် တဆုတ်ဆန် (၉)အိတ် လှူဒါန်းခဲ့ကြောင်း သိရသည်။
ယင်းသို့ လှူဒါန်းရာတွင် ဝါးတွင်ကာလအတွင်း ဆရာတော် သံဃာတော်ကြီးများအား ဆွမ်းကိစ္စအဝဝ ပြည့်စုံစေရန်အတွက် ပြည်ထဲရေးဝန်ကြီးဌာန မိသားစုဝင်များမှ စုပေါင်း၍ ဆွမ်းဆန်တော် တဆုတ်ဆန် (၉)အိတ် လှူဒါန်းခဲ့ကြောင်း သိရသည်။
ဟိန်းထက်လင်း(ပြန်/ဆက်)