ကျိုက်ဒုံ ဇူလိုင် ၂၀
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကျိုက်ဒုံမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)၌ ယနေ့နံနက် ၁၀ နာရီအချိန်က သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအသိပညာပေး (Talk Show)ဆွေးနွေးပွဲ ကျင်းပခဲ့ကြောင်း သိရသည်။
ဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျိုက်ဒုံမြို့ဦးစီးမှူး ဦးကျော်လင်းနိုင်နှင့်စာကြည့်တိုက်မှူး ဒေါ်နန္ဒာလှိုင်တို့မှ သဘာဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် ရေဘေး၊မုန်တိုင်းဘေး၊ မိုးကြိုးဘေးနှင့် ပတ်သက်၍ ရေကြောင့်ဖြစ်သောဘေးအမျိုးမျိုး၊ ရေဘေး ဖြစ်ပေါ်နိုင်သောကာလ၊ ရေကြီးနိုင်သောဒေသ၊ မြစ်ရေကြီးရခြင်းအကြောင်းအရင်းနှင့် မြစ်ရေကြီး ခြင်းသတိပေးချက်များ၊ ရေကြီးမှုကြောင့်ဖြစ်ပေါ်လာနိုင်သည့် ဆိုးကျိုးများ၊ မုန်တိုင်းဘေး၊ မိုးကြိုးဘေး ဖြစ်ပေါ်နိုင်သည့် ကာလမုန်တိုင်းအရောင်သတ်မှတ်ခြင်း၊ သဘာဝဘေးအန္တရာယ်မကျ ရောက်မီ၊ ကျရောက်ဆဲ၊ ကျရောက်ပြီးပါက ကြိုတင်ပြင်ဆင်ရမည့်အချက်များနှင့် ဆောင်ရန်ရှောင်ရန်အချက်များ စသည့် သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးနှင့် သက်ဆိုင်သည့် အကြောင်းအရာများအား အကျယ်တစ်ဝင့် ဆွေး နွေးခဲ့သည်။
အဆိုပါ သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေး (Talk Show)ဆွေးနွေးပွဲအား ပြည်သူများအလွယ်တကူ လေ့လာသိရှိနိုင်စေရေးအတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး၏ We Love Kyaikdon Page တွင် လွှင့်တင်ဖော်ပြသွားမည်ဖြစ်ကြောင်း သိရသည်။
သန်းထွန်းနိုင်(ကျိုက်ဒုံ)ပြန်/ဆက်