ရွှေတောင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ Community Centre ခန်းမတွင် မုဒိတာစာဖတ်ဝိုင်း ကျင်းပ

ရွှေတောင် ဇူလိုင် ၂၀

ပြည်သူများစာပေကို မြတ်နိုးတန်ဖိုးထားတတ်စေရန်၊ စာပေ၏တန်ဖိုးကို နားလည်စေရန်နှင့် အပြန်အလှန်ဆွေးနွေးတတ်သည့် အလေ့အကျင့်ကောင်း များရရှိလာစေရန် ရည်ရွယ်၍ ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Comunity Centre) ခန်းမတွင်  ယနေ့ နံနက်ပိုင်းက  စာအုပ်စာပေဝါသနာရှင်များ (Book Club) နှင့်ပူးပေါင်း၍ စာရေးဆရာမ ဒေါက်တာမတင်ဝင်း၏ “ရေကြည်ချမ်းမြ”  စာအုပ်ဖြင့် မုဒိတာစာဖတ်ဝိုင်းပြုလုပ်ခဲ့ ကြောင်း သိရသည်။

အဆိုပါ စာဖတ်ဝိုင်းတွင် မုဒိတာစာဖတ်ဝိုင်းဥက္ကဋ္ဌ ဒေါ်အေပရယ်ယုနိုင်က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ  ဒေါ်ငြိမ်းငြိမ်းသန့်က စာဖတ်ဝိုင်းဆောင်ရွက်ရသည့် ရည်ရွယ်ချက်အား ရှင်းလင်းဆွေးနွေးခဲ့သည်။  အဆိုပါ စာအုပ်တွင်ဝတ္ထုတိုပေါင်း (၅၀) ပါဝင်၍ မိဘမေတ္တာအကြောင်း ရေးသားထားပြီး တက်ရောက်လာသည့် စာပေချစ်သူများက အပြန်အလှန်ဆွေးနွေးခဲ့ကြသည်။ စာဖတ်ဝိုင်းပြုလုပ်ခြင်းဖြင့် တက်ရောက်လာသူများအား စာပေကို မြတ်နိုးတန်ဖိုးထားတတ်ပြီး စာဖတ်သည့် အလေ့အကျင့်ကောင်းများ မွေးမြူကြရန်နှင့် စာဖတ်ဝိုင်းများကို လစဉ်ပုံမှန်ဆောင်ရွက်သွားမည် ဖြစ်ကြောင်းပြောကြား ခဲ့သည်။

ကိုကိုမင်း  (ပြန်/ဆက်)