ပိုင်ကျုံ ဇူလိုင် ၁၉
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့၊ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှိ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ဇူလိုင်လ ၁၉ ရက်နေ့တွင် ကျရောက်မည့် (၇၅)နှစ်မြောက် အာဇာနည် နေ့အထိမ်းအမှတ် Talk Show ဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
အဆိုပါဆွေးနွေးပွဲတွင် ပိုင်ကျုံမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူး ဒေါ်နော်ခူးခူက အာဇာနည်နေ့ဖြစ်ပေါ်လာပုံအကြောင်း သိကောင်းစရာများကို မိဘပြည်သူများ ကျောင်းသားလူငယ်များ အသိပညာ ဗဟုသုတရရှိစေရန် ရည်ရွယ်၍ ဆောင်ရွက်ခြင်းဖြစ်ကြောင်းနှင့် Talk Show ဆွေးနွေးပွဲဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားခဲ့သည်။
ဆွေးနွေးပွဲတွင် မြို့ဦးစီးမှူးက အာဇာနည်နေ့ဖြစ်ပေါ်လာပုံအကြောင်း ဆွေးနွေးရာတွင် ဗိုလ်ချုပ်အောင်ဆန်း၏ နိုင်ငံတော်လွတ်လပ်ရေးရရှိရာကြိုးပမ်းနေပုံ၊ ပြည်သူလူထူအပေါ် ထားရှိသည့်သဘောထား၊ ဂဋုန်ဦးစောက ဗိုလ်ချုပ်အောင်ဆန်းအား လုပ်ကြံရန်ကြိုးစားနေပုံ၊ လုပ်သားပြည်သူများက အာဇာနည်နေ့တွင် ဂါရဝပြုပုံနှင့် ယနေ့ခေတ် လူငယ်လူရွယ်များအနေဖြင့် အာဇာနည်နေ့ကို မမေ့သင့်သည့်နေ့ထူးနေ့မြတ်ကြီးဖြစ်ကြောင်း စသည့်အကြောင်းများ ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။
နော်ခူး(ပြန်/ဆက်)