အင်္ဂပူ ဇူလိုင် ၁၉
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ အင်္ဂပူမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန (Community Center) ခန်းမ၌ ယမန်နေ့ နေ့လယ်ပိုင်းက ပြည်သူများ အသိပညာ ဗဟုသုတရရှိစေရန်အတွက် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်မီးသတ်ဦးစီးဌာနတို့ ပူးပေါင်းပြီး သဘာဝ ဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးဆိုင်ရာ အသိပညာပေး (Talk Show) ဆောင်ရွက်ခဲ့သည်။
ဆွေးနွေးပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်သီသီရှိန်က (Talk Show) ပြုလုပ်ရခြင်း ရည်ရွယ်ချက်များကို ပြောကြားခဲ့ပြီး မြို့နယ်မီးသတ်ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးတင်မောင်ထွေးက မြို့နယ်မီးသတ်ဦးစီးဌာနမှ သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် ပြင်ဆင် ဆောင်ရွက်ထားမှုများ၊ သဘာဝဘေး ကြုံတွေ့လာပါက တပ်ဖွဲ့ဝင်များနှင့် ကူညီဆောင်ရွက်ပေးမှုများ၊ အသိ ပညာပေးလုပ်ငန်းများ ဆောင်ရွက်ပေးနေမှုများအား ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။
အင်္ဂပူမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမတွင် ပြည်သူများ အသိပညာ ဗဟုသုတများ တိုးပွားစေရေးအတွက် အသိပညာပေး Talk Show များ၊ စာဖတ်ဝိုင်းများ၊ ကဗျာရွတ် ပြိုင်ပွဲများအား လစဉ်ဆောင်ရွက်ပေးလျက်ရှိကြောင်း မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုံးမှ သိရသည်။
မန်းကျော် (ပြန်/ဆက်)