ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေးနံရံစာစောင် ပြသဆောင်ရွက်

လှိုင်းဘွဲ၊      စက်တင်ဘာ  ၁၀

ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်တွင် ပြည်သူများ ကိုဗစ်-၁၉ ရောဂါအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေးအတွက် အသိပညာပေး နံရံစာစောင်များ ပြသခြင်းကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှေ့ နံရံကပ်ပြဘုတ်၌ ပြသဆောင်ရွက်ထား ရှိကြောင်း သိရှိရသည်။

အဆိုပါအသိပညာပေးနံရံကပ်ပြဘုတ်တွင် နိုင်ငံတော်၏ တိုင်းကျိုးပြည်ပြုဆောင်ရွက်မှု မှတ်တမ်းဓါတ်ပုံများ၊ ကိုဗစ်-၁၉ အသက်ရှုလမ်းကြောင်းဆိုင်ရာ ကူးစက်နိုင်ခြေရှိသည့် နည်းလမ်းများ၊ သံသယဖြစ်ဖွယ် ရောဂါလက္ခဏာများ၊ ကာကွယ်ရမည့် နည်းလမ်းများ၊ နေ့စဉ်ဘဝမှာ ခပ်ခွာခွာနေပါ၊ လူစုလူဝေးများကို ရှောင်ပါ၊ ရုပ်ရှင် မင်းသား/သမီးများ၏ ကိုဗစ်-၁၉ ရောဂါ အသိပညာပေးနိုးဆော်ချက်များကို ပြသဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

ခင်စန်းမြင့်(ပြန်/ဆက်)