မြို့သစ်မြို့ ဘုရားကြီးရပ်ကွက်၊ ဆေးရုံလမ်း လမ်းဘေးပလက်ဖောင်း ပြုလုပ်ခြင်း (၇၅)ရာခိုင်နှုန်း ပြီးစီး

မြို့သစ် ဇူလိုင် ၁၉

မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ ခရီးသွား ပြည်သူများ သွားလာမှု လွယ်ကူစေရန်နှင့် ဒေသခံပြည်သူများ သွားလာရေး အဆင်ပြေစေရန်အတွက် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိရာ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် တိုင်းဒေသကြီး ခွင့်ပြုရန်ပုံ ငွေကျပ်၂၂၅သိန်းဖြင့် မြို့သစ်မြို့ဘုရားကြီးရပ်ကွက် ဆေးရုံလမ်း လမ်းဘေးပလက်ဖောင်း ပြုလုပ်ခြင်းကို ဇွန်လပထမပတ်က စတင်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ (၇၅)ရာခိုင်နှုန်းခန့်ပြီးစီးပြီဖြစ်ကြောင်း သိရသည်။

အဆိုပါ ပလက်ဖောင်းသည် အရှည်ပေ(၁၅ဝဝ)ပေ၊ အကျယ်(၄)ပေရှိပြီး ပလက်ဖောင်းပြုလုပ်ခြင်းလုပ်ငန်းများ အချိန်မှီပြီးစီးနိုင်ရေးအတွက် မြို့သစ်မြို့စည်ပင်သာယာရေးအဖွဲ့ကအနီးကပ်ကြီးကြပ် ဆောင်ရွက်လျက်ရှိသည်။

လုပ်ငန်းပြီးစီးပါက မြို့သာယာလှပပြီး အများပြည်သူတို့၏ လူနေမှုဘဝ မြင့်မားလာနိုင်ကာ သွားလာရေး ပိုမိုအဆင်ပြေလာနိုင်မှာဖြစ် ကြောင်း မြို့သစ်မြို့နယ် စည်ပင်သာယာရေးဦးစီးဌာနမှ သိရသည်။

သန်းဝင်းထွန်း (ပြန်ဆက်)