အုတ်ဖိုမြို့နယ် ဌာနဆိုင်ရာများလုပ်ငန်းများ တိုးတက်အောင်မြင်စွာ အကောင်ထည်ဖော် ဆောင်ရွက်နိုင်ရေး ညှိနှိုင်း ဆွေးနွေး

အုတ်ဖို ဇူလိုင် ၁၉

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ် ဌာနဆိုင်ရာများ လုပ်ငန်းများ တိုးတက်အောင်မြင်စွာ အကောင်ထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် ညှိနှိုင်းအစည်းအဝေးကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းဝေးခန်းမတွင် ယမန်နေ့ မွန်းလွဲပိုင်းက ကျင်းပခဲ့သည်။

အစည်းဝေးတွင် မြို့နယ်အထွေထွေအုပ်ချုပ်ဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ဇော်မင်းက အဖွင့်အမှာစကား ပြောကြားရာ ဌာနဆိုင်ရာများအနေဖြင့် ငွေလုံးငွေရင်းဖြင့် ဆောင်ရွက်ရသည့် လုပ်ငန်းများ သက်မှတ်ကာလအတွင်း အရည်အသွေးပြည့်မီစွာ အချိန်မီပြီးစီးရေး၊ ဌာနဆိုင်ရာများ အချင်းချင်း ပူးပေါင်းဆောင်ရွက်ရေး၊ လိုအပ်သည်များကို မိမိအနေဖြင့် ပူးပေါင်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။ ထို့နောက် ဌာနဆိုင်ရာများမှ မိမိတို့ဌာနများမှ ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများကို အသီးသီးတင်ပြရာ မြို့နယ်အုပ်ချုပ်ရေးမှူးမှ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းပေးခဲ့ကြောင်း သိရသည်။

အောင်သူ