နတ်တလင်းမြို့နယ် Community Centre ခန်းမတွင်လူမှုဖူလုံရေး အသိပညာပေးTalk Show ဆောင်ရွက်

နတ်တလင်း  ဇူလိုင် ၁၉

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမတွင် ယမန်နေ့ နေ့လည် ၁ နာရီ အချိန်က လူမှုဖူလုံရေး အသိပညာပေး Talk Show ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ လူမှုဖူလုံ​ရေး အသိပညာ‌ပေး Talk Show  ဆောင်ရွက်ခြင်းကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်လဲ့ဝါမြင့်က Talk Show ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး သိလိုသည်များကို မေးမြန်ရာ နတ်တလင်းမြို့နယ် လူမှုဖူလုံရေးအဖွဲ့တာဝန်ခံ ဒေါ်အေးအေးသွင်မှ လူမှုဖူလုံရေးဥပဒေအကြောင်းအရာများ၊ အာမခံထားသူများအတွက် လူမှုဖူလုံရေးဥပဒေ၊ လက်ရှိအကောင်အထည်ဖော်နေသော အာမခံစနစ်များနှင့် ထည့်ဝင်ကြေးများ၊ လုပ်ငန်းခွင်ဘေးအန္တရာယ်အတွက် အာမခံအချက်အလက်များ စသည်တို့​ကို ‌ဆွေးနွေးခဲ့ကြသည်။

ထိုသို့ Onlineစနစ်ဖြင့် ပြည်သူများ အသိပညာဗဟုသုတတိုးပွားစေရေး Talk Show အစီအစဉ်များကို ဌာနဆိုင်ရာများ၊ အသင်းအဖွဲ့များနှင့် ပူးပေါင်း၍ အလှည့်ကျ စီစဉ်တင်ဆက်သွားမည်ဖြစ်ကြောင်း သိရသည်။

ဝေယံဖြိုး