သာပေါင်း ဇူလိုင် ၁၉
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်တွင် ရပ်ကွက်များအတွင်း ရေနုတ်မြောင်းများ ရေစီးရေလာကောင်းမွန်စေရေးအတွက် စည်ပင်သာယာရေးအဖွဲ့မှ ယနေ့ ယမန်နေ့ မွန်းလွဲ ၂ နာရီအချိန်က ဆောင်ရွက်ကြသည်။
ထိုသို့ ရပ်ကွက်များအတွင်း ရေနုတ်မြောင်းများ ရေစီးရေလာကောင်းမွန်စေရေးအတွက် စည်ပင်သာယာရေးအဖွဲ့မှ အမှတ်(၂)ရပ်ကွက်၊ ဗဟိုလမ်းနှင့်လမ်းကြားတစ်လျောက် ဆက်သွယ်စီးဆင်းနေသော ရေနုတ်မြောင်းများ ရေစီးရေလာကောင်းမွန်ရေး ရှင်းလင်းဆောင်ရွက်နေမှု အခြေအနေများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းဧရာထိုက်မှ လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်လျက်ရှိသော ရေနှုတ်မြောင်း တည်ဆောက်ရန်အတွက် စည်ပင်သာယာရေးအဖွဲ့အား တွက်ချက်တင်ပြရန် မှာကြားဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မျိုးဇော်သိန်း သာပေါင်း ပြန်/ဆက်