ဒိုက်ဦးမြို့နယ် လယ်ယာကဏ္ဍ၌ စက်မှုလယ်ယာစနစ် ပြည့်ဝစွာပြောင်းလဲကျင့်သုံးနိုင်ရေးအတွက် ရည်ရွယ်၍ ကောက်စိုက်စက်ဖြင့် စိုက်ပျိုးခြင်းသရုပ်ပြပွဲကျင်းပ

 ဒိုက်ဦး ဇူလိုင် ၁၉

ပဲခူးတိုင်းဒေသကြီး၊ ဒိုက်ဦးမြို့နယ်အတွင်းရှိ တောင်သူများ လယ်ယာကဏ္ဍ၌ စက်မှုလယ်ယာစနစ် ပြည့်ဝစွာ ပြောင်းလဲကျင့်သုံးနိုင်ရေး၊ လူအင်အားစိုက်ထုတ်မှု သက်သာစေရေး၊ မိုးစပါးဖွံဖြိုး တိုးတက်ရေး၊ မြေဆီလွှာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကောက်စိုက်စက်ဖြင့်စိုက်ပျိုး ခြင်းသရုပ်ပြပွဲကို ယမန်နေ့ နံနက်ပိုင်းက ဒိုက်ဦး မြို့နယ်၊​ ပေါက်တပင်ကျေးရွာ တောင်သူ ဦးအောင်မြင့်၏လယ်၌ ကျင်းပပြုလုပ်သည်။

သရုပ်ပြပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဆန်းဦးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စက်မှု လယ်ယာဦးစီး ဌာနမှူး ဦးသီဟကျော်စွာ၊ စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်စိုက်ပျိုးရေး ဦးစီးအရာရှိ ဦးဇော်သိန်းနိုင်၊ မြို့နယ် ဌာနဆိုင်ရာများမှ တာဝန်ရှိသူများနှင့် ဒေသခံတောင်သူများ တက်ရောက် အားပေးခဲ့ကြကြောင်း သတင်းရရှိ သည်။

မြို့နယ်(ပြန်/ဆက်)