ဇလွန်မြို့နယ်တွင် (၇၅)နှစ်မြောက် အာဇာနည်နေ့ ဟောပြောပွဲနှင့် နံရံကပ် စာစောင်ပြ​ပွဲကျင်းပ

ဇလွန် ဇူလိုင် ၁၈         

ဧရာဝတီတိုင်း‌ဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန လူထုအခြေပြုဗဟိုဌာန Community Center) ခန်းမတွင် (၇၅)နှစ်မြောက် အာဇာနည် နေ့ ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ယနေ့မွန်းလွဲ ၁ နာရီအချိန်တွင် ကျင်းပြုလုပ်ခဲ့သည်။

အခမ်းအနားတွင်  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်အေးမြင့်သိန်းက (၇၅)နှစ်မြောက် အာဇာနည်နေ့ ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲ ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့ပြီး မြို့နယ်စာရေးဆရာအသင်းဥက္ကဋ္ဌ ဦးမျိုးမြင့် မောင်ပြေငြိမ်း (ဇလွန်)က လမ်းမတော် အခြေခံပညာမူလတန်းကျောင်းမှ ကျောင်းသား/သူများအား အာဇာနည်နေ့ ဖြစ်ပေါ်လာပုံအကြောင်း ရှင်းလင်းပြောကြားခဲ့သည်။ ယင်းနောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်အေးမြင့်သိန်းက ကျောင်းသား/ သူ များအား ပြသထားသည့် နံရံကပ်စာစောင်များကို  ရှင်းလင်းပြသရာ ကျောင်းသား/သူများက စိတ်ဝင်စားစွာ ကြည့်ရှုခဲ့ကြောင်း သိရသည်။

 ဝေယံ - ဇလွန်(ပြန် / ဆက်)