ဒိုက်ဦး ဇူလိုင် ၁၈
ပဲခူးတိုင်းဒေသကြီး၊ ဒိုက်ဦးမြို့နယ်အတွင်းရှိ တောင်သူများ လယ်ယာကဏ္ဍ၌ စက်မှုလယ်ယာစနစ် ပြည့်ဝစွာပြောင်းလဲကျင့်သုံးနိုင်ရေး၊ လူအင်အားစိုက်ထုတ်မှုသက်သာစေရေး၊ မိုးစပါးဖွံ့ဖြိုးတိုးတက်ရေး၊ မြေဆီလွှာဖွံဖြိုးတိုးတက်ရေးအတွက် ကောက်စိုက်စက်ဖြင့်စိုက်ပျိုးခြင်းသရုပ်ပြပွဲကို ယနေ့နံနက်ပိုင်းက ဒိုက်ဦးမြို့နယ်၊ ပေါက်တပင်ကျေးရွာတောင်သူ ဦးအောင်မြင့်၏လယ်၌ ကျင်းပပြုလုပ်သည်။
သရုပ်ပြပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဆန်းဦးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စက်မူလယ်ယာဦးစီးဌာနမှူး ဦးသီဟကျော်စွာ၊ စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်စိုက်ပျိုးရေးဦးစီးအရာရှိဦးဇော်သိန်းနိုင်၊ မြို့နယ်ဌာနဆိုင်ရာများမှ တာဝန်ရှိသူများနှင့် ဒေသခံတောင်သူများ တက်ရောက်အားပေးလေ့လာခဲ့ကြကြောင်း သတင်းရရှိသည်။
မြို့နယ် (ပြန်/ဆက်)