ပန်းတနော်မြို့နယ်၌ တိရစ္ဆာန်ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ်ခြင်းဆိုင်ရာ လှုပ်ရှားမှု ရက်သတ္တပတ်အဖြစ် ဆောင်ရွက်

ပန်းတနော် ဇူလိုင် ၁၈

ဧရာဝတီတိုင်းဒေသကြီး ပန်းတနော်မြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ မွေးမြူရေး တိရစ္ဆာန်များတွင် ရောဂါဖြစ်ပွားကျရောက်ခြင်းမှ ကြိုတင်ကာကွယ်နိုင်ရေးအတွက် တိရစ္ဆာန် ကူးစက်ရောဂါကာကွယ်ထိန်းချုပ် ခြင်းဆိုင်ရာလှုပ်ရှားမှု ရက်သတ္တပတ်အဖြစ် ဇူလိုင်လ ၁၁ ရက်နေ့မှ ၁၇ ရက်နေ့အထိ  အနောက်ပိုင်းရပ်ကွက်တွင် ဆောင်ရွက်ခဲ့သည်။

အဆိုပါ တိရစ္ဆာန်ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ်ခြင်းဆိုင်ရာ လှုပ်ရှားမှု ရက်သတ္တပတ် ဆောင်ရွက်ရာတွင်  ခွာနာလျှာနာရောဂါ၊ အရေပြားအကျိတ်နာရောဂါနှင့် အာဖရိက ဝက်အပြင်းဖျားရောဂါ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများနှင့် သဏ္ဍာန်တူ လေ့ကျင့်ဆောင်ရွက်မှုများ၊ နွားကာကွယ်ဆေးထိုးနှံပေးခြင်း လုပ်ငန်းများကို မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာအောင်သိန်းမြင့်နှင့် အဖွဲ့ဝင်များက Rapid Reponse Team (RTT) ဖွဲ့စည်း၍ တစ်ဖွဲ့လျှင် (၃) ဦးဖြင့် အဖွဲ့ (၃)ဖွဲ့ခွဲ၍ အနောက်ပိုင်းရပ်ကွက် ဟိန္ဒူတန်းတွင် ဆောင်ရွက်ခဲ့ပြီး အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ပြည့်ဖြိုးကျော်(ပြန်/ ဆက်)