ဟုမ္မလင်းမြို့နယ်၌ (၇၅) နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ဟောပြောပွဲ၊ အင်္ဂလိပ်စာစွမ်းရည်၊ ပန်ချီး​ပြိုင်ပွဲ ကျင်းပ

ဟုမ္မလင်း ဇူလိုင် ၁၈

စစ်ကိုင်းတိုင်းဒေသကြီး၊  ဟုမ္မလင်းမြို့နယ်၌ ၂၀၂၂ ခုနှစ်၊ ဇူလိုင်လ ၁၉ ရက်နေ့တွင်  ကျရောက်မည့် (၇၅) နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် ဟောပြောပွဲ၊ အင်္ဂလိပ်စာစွမ်းရည်၊ ပန်ချီးပြိုင်ပွဲကို မြို့နယ်ပြည်သူ့စာကြည့်တိုက် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယနေ့ နံနက် ၁၀  နာရီ အချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါပြိုင်ပွဲများ၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးအရာရှိ ဦးဧဆက်က ယခုပြိုင်ပွဲများ ကျင်းပပြုလုပ်ပေးရခြင်း၏ ရည်ရွယ်ချက်မှာ အနာဂတ်မျိုးဆက်သစ် ကျောင်းသား/သူများအား အာဇာနည်နေ့ဖြစ်ပေါ်လာပုံ သမိုင်းအကြောင်းနှင့် အာ ဇာနည်စိတ်ဓာတ် အကြောင်းကိုလည်းကောင်း၊  အင်္ဂလိပ်စာ အပြောစွမ်းရည်များ ပိုမိုတိုးတက်လာစေရန်၊ အချိန်ကို တန်ဖိုးရှိစွာ အသုံးချတတ်စေရန်၊ အာရုံစူးစိုက်မှ ဉာဏ်ရည်ဉာဏ်သွေးများ ထက်မြက်လာစေရန် ပြိုင်ပွဲများ ကျင်းပပြုလုပ်ခဲ့ရခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

ပြိုင်ပွဲတွင် ဟုမ္မလင်းမြို့နယ် အ.မ.က (၁)ကျောင်းမှ Grade 5 ကျောင်းသား၊ ကျောင်သူ(၃၀)ဦး ဝင်ရောက် ယှည်ပြိုင်ခဲ့ကြကြောင်း သိရှိရသည်။

အဆိုပါပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယဆု၊ နှစ်သိမ့်ဆု (၁)၊ နှစ်သိမ့်ဆု (၂) ဆုရရှိသူများကို ဟုမ္မလင်းမြို့နယ် ဦးစီးမှူး ဦးဧဆက်နှင့် ဒုတိယ ဦးစီးမှူး ဦးလိုင်းလင်းမူတို့က ဆုများ အသီးချီးမြှင့်ပေးအပ်ခဲ့ကြကြောင်း သိရသည်။ 

လင်းလင်း(ပြန်/ဆက်)