ကျုံပျော်မြို့ (Community Centre) ခန်းမတွင် (၇၅)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် စာအုပ်စာစောင် ပြပွဲကျင်းပပြုလုပ်

ကျုံပျော် ဇူလိုင် ၁၈

၂၀၂၂ ခုနှစ်၊ ဇူလိုင်လ ၁၉ ရက်နေ့တွင် ကျရောက်မည့်  (၇၅)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ်အဖြစ် ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်မြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊  လူထုအခြေပြု ဗဟိုဌာန (Community Centre) တွင် စာအုပ်စာစောင်ပြပွဲကို ယနေ့ နံနက် ၁၀ နာရီခွဲအချိန်က ကျင်းပ ပြုလုပ်ခဲ့သည်။

ပြပွဲတွင် အာဇာနည်ခေါင်းဆောင်ကြီးများ၏ အတ္ထုပ္ပတ္တိစာအုပ်များ၊ လွတ်လပ်ရေးကြိုးပမ်းမှု မှတ်တမ်းစာအုပ် များ၊ ဗိုလ်ချုပ်အောင်ဆန်း၏ နိုင်ငံရေးလှုပ်ရှားမှု သမိုင်းကြောင်း စာအုပ်များနှင့် အခြားဗဟုသုတ ဖြစ်ဖွယ်  သုတ၊ ရသစာအုပ်၊ စာစောင် အမျိုးမျိုးတို့ကို ထည့်သွင်း ပြသခဲ့သည်။

စာအုပ်စာစောင် ပြပွဲသို့ ကျောင်းသား၊ ကျောင်းသူများ၊ ပြည်သူများ၊ ဌာနဆိုင်ရာ ဝန်ထမ်းများ လာရောက် ကြည့်ရှုခဲ့ကြပြီး မြို့နယ်ပြန်/ဆက်ဦးစီးဌာန ဝန်ထမ်းများက စာအုပ်စာစောင် ပြသထားမှုများနှင့် စာကြည့်တိုက် ဝန်ဆောင်မှုလုပ်ငန်း ဆောင်ရွက်ပေးနေမှု၊ ကလေးစာဖတ်ခန်း ထားရှိဆောင်ရွက်ပေးနေမှုတို့ကို ရှင်းလင်းပြသခဲ့ ကြ‌ကြောင်းနှင့် ကျောင်းသား လူငယ်များက အာဇာနည်နေ့ သမိုင်းအကြောင်းအရာများ၊ အာဇာနည် ပုဂ္ဂိုလ်ကြီး များ၏ အတ္ထုပ္ပတ္တိ အကြောင်းအရာများအား ကူးယူ‌လေ့လာမှတ်သားခဲ့ကြကြောင်း သိရသည်။

လပြည့်ဦး(ပြန်/ဆက်)