ရွှေဘိုမြို့တွင်(၇၅) နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကျင်းပ

​ရွှေဘို ဇူလိုင် ၁၈

​ဇူလိုင်လ ၁၉ ရက်နေ့တွင်ကျရောက်မည့် (၇၅)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ​ရွှေဘိုမြို့ အ.ထ.က(၃)တွင် ယနေ့  နံနက်၁၀နာရီချိန်ကကျင်းပပြုလုပ်ခဲ့​ကြောင်းသိရသည်။

အသိပညာပေး​ဟော​ပြောပွဲတွင် မြို့နယ်စာ​ရေးဆရာအသင်း နာယက ဆရာ​တော်က အဖွင့်အမှာစကား​ပြောကြားပြီး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်​ထောက်ညွန်ကြား​ရေးမှူး ဒေါ်​​အေးမြမွန်က​ ဟော​ပြောပွဲကျင်းပရခြင်း ရည်ရွယ်ချက်များ​ပြောကြားခဲ့ပြီး မြို့နယ်စာ​ရေးဆရာအသင်းနာယက၊ ဆရာဘာမထီခင်​အောင်က အာဇာနည်နေ့ဖြစ်ပေါ်လာပုံ၊ ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည်ခေါင်းဆောင်ကြီးများ၏ အတ္ထုပ္ပတ္တိများအ​ကြောင်း၊ လွတ်လပ်​ရေးကြိုးပမ်းခဲ့ပုံ သမိုင်းအစရှိသည့်များကို အသိပညာပေးဟောပြောပြီး၊

လူငယ်များအနာဂတ်မှာ ကိုယ့်နိုင်ငံကိုယ့်လူမျိုး ကိုယ့်အမျိုးကို စောင့်ရှောင့်နိုင်သူဖြစ်ပါစေကြောင်း ​ပြောကြားခဲ့ပြီး​နောက်​၊ လက်​ထောက်ညွှန်ကြား​ရေးမှူး​ ဒေါ်​အေးမြမွန်က​ ကျောင်းစာကြည့်တိုက်အတွက စာအုပ်စာ​စောင်များ လှူဒါန်းရာ အ.ထ.က(၃) ကျောင်းအုပ်ဆရာကြီး ဦး​ရွှေစိုးမှလက်ခံရယူခဲ့ပြီး​ ကျေးဇူးတင်စကားပြန်လည်​ပြောကြားခဲ့သည်။         

ထို့​နောက်နံရံကပ်စာစောင်များ ခင်းကျင်းပြသပေးရာ ကျောင်းသားကျောင်းသူများ စိတ်ပါဝင်စားစွာ ဖတ်မှတ်လေ့လာကြည့်ရှုခဲ့ကြကြောင်း၊ အာဇာနည်နေ့ဟော​ပြောပွဲ၊ နံရံကပ်စာ​စောင်ပြပွဲများကို​ ရွှေဘိုမြို့​ပေါ်ရှိ အ.ထ.က​ကျောင်းများတွင် ဆက်လက်​ဆောင်ရွက်သွားမည်ဖြစ်​ကြောင်းသိရသည်။

ခရိုင်ပြန်/ဆက်