ဒေးဒရဲ ဇူလိုင် ၁၈
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ယနေ့နံနက် (၁၀)နာရီက (၇၅)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲနှင့် စာအုပ်စာစောင်များ ပြသခြင်းများကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်မြင့်မြင့်ခိုင်က ပြိုင်ပွဲများ ပြုလုပ်ရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့ပြီး၊ အာဇာနည်နေ့ တို့မမေ့ ခေါင်းစဉ်ဖြင့် စာစီစာကုံးပြိုင်ပွဲကို ကျင်းပပေးခဲ့ကြောင်းသိရသည်။ ပြိုင်ပွဲအပြီးတွင် ဆုရရှိသူများကို ဆုများအသီးသီးပေးအပ်ခဲ့သည်။
ဆက်လက်၍ တက်ရောက်လာသူများက မြို့နယ်ရုံးမှ ပြသထားသော အာဇာနည်နေ့ အထိမ်းအမှတ် စာအုပ်စာစောင်များ ပြသထားမှုများကို ဖတ်ရှုလေ့လာခဲ့ကြောင်း သိရသည်။
အေဇာလင်း (မြို့နယ်-ပြန်/ဆက်)