မော်လမြိုင်ကျွန်း ဇူလိုင် ၁၈
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန Community Centre တွင် (၇၅) နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် အသိပညာပေး Talk Show အား ယနေ့နေ့လည် ၁ နာရီအချိန်က ဆောင်ရွက်သည်။
အဆိုပါအသိပညာပေး Talk Show တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေဦးစီးဌာန၊ ဦးစီးအရာရှိ ဦးဇော်ဝင်းထွန်း၊ Book Club အဖွဲ့ဝင်များဖြစ်သော ဆရာဦးဌေးဝင်း၊ ဆရာဦးသန်းထွေးနှင့် (၁၆) ခုတင်ဆံ့တိုင်းရင်းဆေးရုံအုပ်ကြီး ဦးခိုင်ထွန်းဇော်တို့မှ ပါဝင်ဆွေးနွေးခဲ့ကြပြီး အာဇာနည်ခေါင်းဆောင်ကြီးများ၏ အတ္ထုပ္ပတ္တိများ၊ လွတ်လပ်ရေး သမိုင်းတစ်လျှောက် ဗိုလ်ချုပ်အောင်ဆန်း၏ ဆောင်ရွက်ချက်များ၊ အာဇာနည်နေ့ဖြစ်ပေါ်လာပုံ အကြောင်းနှင့် အာဇာနည်ခေါင်းဆောင်ကြီးများ လုပ်ကြံခံရမှုဖြစ်စဉ်များအား အကျယ်တဝင့် ရှင်းလင်းဆွေးနွေးခဲ့ကြောင်းသိရသည်။
အောင်အောင်(ပြန်/ဆက်)