မယ်စဲ့ ဇူလိုင် ၁၈
ကယားပြည်နယ်၊ မယ်စဲ့ခရိုင်၊ မယ်စဲ့မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်း၍ (၇၅) နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် ကဗျာရွတ်ပြိုင်ပွဲကို ယနေ့ နံနက် ၁၀ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက အဖွင့်အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်စောဝတ်ရည်က ပြိုင်ပွဲပြုလုပ် ရခြင်း ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ ကဗျာရွတ်ပြိုင်ပွဲကိုကျင်းပရာ မူလတန်းအောက်ဆင့် ကျောင်းသား/ကျောင်းသူ ၃၃ ဦးက အာဇာနည် ကိုးဦး မွေးဖွားရာမြေခေါင်းစဉ်ဖြင့် လည်းကောင်း၊ မူလတန်း အထက်ဆင့် ကျောင်းသား/ကျောင်းသူ ၁၂ ဦးက ဇူလိုင် ၁၉ ရက်နှင့် အောင်ဆန်းဇာနည် ခေါင်းစဉ်ဖြင့်လည်းကောင်း၊ စုစုပေါင်း ကျောင်းသား/ကျောင်း ၄၅ ဦး ပါဝင်ယှဉ်ပြိုင် ကြသည်။
ထို့နောက် ပြိုင်ပွဲတွင်ဆုရရှိသော ကျောင်းသား/ကျောင်းသူများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ လူမှုရေးအဖွဲ့အစည်းများ၊ အထက(မယ်စဲ့) ကျောင်းအုပ် ဆရာမကြီးနှင့် ကျောင်းသားမိဘများက ဆုများအသီးသီး ချီးမြှင့်ခဲ့ကြောင်း သိရသည်။
ဝတ်ရည်(ပြန်/ဆက်)