ပွင့်ဖြူမြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာနတွင် လူငယ်များသို့ ခေါင်းစဉ်ဖြင့် စာဖတ်ဝိုင်း ဆွေးနွေးပွဲ ကျင်းပ

ပွင့်ဖြူ ဇူလိုင် ၁၈

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်စာအုပ်စာစောင် ချစ်မြတ်နိုးသူများ(Book Club) အသင်းတို့ ပူးပေါင်းပြီး လူငယ်လူရွယ်များ စာပေအသိပညာ တိုးပွားစေရန်နှင့် ထူးချွန် ထက်မြက်သော လူတော် လူကောင်းများ ဖြစ်လာစေရန် ရည်ရွယ်ကျင်းပသည့်  လူငယ်များသို့ ခေါင်းစဉ်ဖြင့် စာဖတ်ဝိုင်း ဆွေးနွေးပွဲကို ယနေ့ နံနက် နာရီခွဲက မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပခဲ့သည်။

အဆိုပါ စာဖတ်ဝိုင်းဆွေးနွေးပွဲတွင် ဦးစွာ မြို့နယ်စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း (Book Club) အသင်းမှ အတွင်းရေးမှူး ဦးကျော်စိုးက လူငယ်လူရွယ်များ စာပေအသိပညာ တိုးပွားစေရန်၊ စာပေဖတ်ရှုခြင်း၏ အကျိုးကျေးဇူးများကို ကောင်းစွာသိရှိပြီး တိုင်းပြည်အတွက် အားကိုးအားထားပြုရသော လူတော် လူကောင်းများ ပေါ်ထွန်းလာစေရန် ရည်ရွယ်၍ စာပေဝါသနာရှင်တိုင်း ပါဝင်ဆွေးနွေးနိုင်သည့် ယခုလို စာဖတ်ဝိုင်းဆွေးနွေးပွဲများကို မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပူးပေါင်းပြီး လစဉ် ကျင်းပဆောင်ရွက်လျက်ရှိပါကြောင်း၊ တက်ရောက်လာသည့် စာပေဝါသနာရှင်များနှင့် လူငယ်မောင်မယ်များအနေဖြင့် တစ်ဦးနှင့် တစ်ဦး စာပေသိမှတ်ဖွယ်များ တိုးပွားစေရန် ဆွေးနွေး ပေးကြရန် ရှင်းလင်း ပြောကြားသည်။ ဆက်လက်၍ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်ဥမ္မာထိန်လင်းက စာပေဖတ်ရှုခြင်းဖြင့် အကောင်းအဆိုး ဝေဖန်ပိုင်းခြားနိုင်ပြီး မိမိဘဝ ဖွံ့ဖြိုးစေသော သုတရသ စာအုပ်စာပေများကို ရှာဖွေလေ့လာဖတ်ရှုကြရန်၊ အားလပ်ချိန်တွင် အချိန်ကို အကျိုးရှိစွာ အသုံးချပြီး မိမိတို့ မြို့နယ်ရုံး ပြည်သူ့စာကြည့်တိုက်ရှိ စာအုပ်စာစောင်များကို အခမဲ့ လာရောက် ငှားရမ်းဖတ်ရှုနိုင်ကြောင်း ရှင်းလင်း ပြောကြားသည်။

ထို့နောက် စာဖတ်ဝိုင်းဆွေနွေးပွဲကို ကျင်းပရာ မြို့နယ်စာအုပ်စာစောင် ချစ်မြတ်နိုးသူများ(Book Club) အသင်းမှ အတွင်းရေးမှူး ဦးကျော်စိုး က စာရေးဆရာ ချစ်နိုင်(စိတ်ပညာ) ရေးသားသည့် လူငယ်များသို့ခေါင်းစဉ်ဖြင့် စာအုပ်ပါ စာပေသိမှတ်ဖွယ်ရာများကို ဦးဆောင်ဆွေးနွေးကာ တက်ရောက်လာသူများက မိမိတို့ လေ့လာဖတ်ရှုထားသည့် လူငယ်များနှင့် ပတ်သက်ပြီး ခွန့်အားဗလ ဉာဏ်ပညာ လုံ့လဝိရိယ ဇွဲ၊ သတ္တိ တို့ဖြင့် ရိုးသားကြိုးစားပါက ဘဝမှာ အောင်မြင်ကြီးပွားချမ်းသာသော လူတော်လူကောင်းများ ဖြစ်လာနိုင်ပုံ အကြောင်းအရာ စာပေသိမှတ်ဖွယ်ရာများကို အပြန်အလှန် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

လှိုင်ဝင်းလေး (ပွင့်ဖြူမြေ)