စစ်ကိုင်း ဇူလိုင် ၁၈
စစ်ကိုင်းပညာရေးတက္ကသိုလ်တွင် (၇၅)နှစ်မြောက်၊ အာဇာနည်နေ့ အထိမ်းအမှတ် ဟောပြောပွဲနှင့် စာစီစာကုံး၊ ကဗျာ၊ ဆောင်းပါး ပြိုင်ပွဲများတွင် ဆုရရှိခဲ့ကြသည့် ကျောင်းသား/ ကျောင်းသူများအား ဆုချီးမြှင့်ပေးအပ်ပွဲကို ဇူလိုင်(၁၈)ရက်၊ နံနက်(၁၀)နာရီက အဆိုပါတက္ကသိုလ်ရှိ ဓမ္မဒူတအောင်ချမ်းသာ ဓမ္မာရုံတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် စစ်ကိုင်းတက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာစိုးမြင့်အေးက ဟောပြောပွဲနှင့် စာစီစာကုံး၊ ကဗျာ၊ ဆောင်းပါးပြိင်ပွဲများ ပြုလုပ်ပေးရခြင်းရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားရာ ကျောင်းသား/ ကျောင်းသူများ နိုင်ငံချစ်စိတ်၊ အမျိုးဂုဏ်၊ ဇာတိဂုဏ်များကို ပိုမိုချစ်မြတ်နိုးလာစေရန် ကျင်းပပေးရခြင်း ဖြစ်ကြောင်းစသည်ဖြင့် ပြောကြားခဲ့ကြီး ဒေါက်တာသိန်းဦး၊ ပါမောက္ခ၊ သမိုင်းဌာနမှ ဟောပြောဆွေးနွေးရာ ဗိုလ်ချုပ်အောင်ဆန်း၏ငယ်ဘဝမှ လွက်လပ်ရေးရရှိအောင် ကြိုးပမ်းဆောင်ရွက် မှုများ၊ အာဇာနည်ခေါင်းဆောင်ကြီးများ၏ လွန်လပ်ရေးကြိုးပမ်းမှု သမိုင်းပုံရိပ်များနှင့် မသမာသူများ၏ လက်ချက်ဖြင့် ကျဆုံးခဲ့ရခြင်းအကြောင်းများကို ဟောပြောပေးခဲ့ကာ စာစီစာကုံး၊ ကဗျာ။ ဆောင်းပါး ပိုင်းပွဲများတွင် ဆုရရှိခဲ့ကြသည့် ကျောင်းသား/ ကျောင်းသူများအား ပါမောက္ခချုပ်နှင့်တာဝန်ရှိသူများက ဆုများအသီးသီး ပေးအပ်ခဲ့ကြသည်။
အဆိုပါအခမ်းအနားသို့ စစ်ကိုင်းတက္ကသိုလ်ပါမောက္ခချုပ်နှင့်တာဝန်ရှိသူများ၊ ဌာနမှူးများ၊ သင်ကြားရေးဆရာ/ ဆရာမများ၊ ကျောင်းသား/ ကျောင်းသူများ၊ ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ဇော်မြင့်နိုင်
စစ်ကိုင်းခရိုင် (ပြန်/ဆက်)