ကျွန်းလှမြို့နယ်၌ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းရှိ ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ဒုတိယအကြိမ် ထိုးနှံပေး

ကျွန်းလှ ဇူလိုင် ၁၈

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ် ဘုန်းတော်ကြီးသင် ပညာရေးကျောင်းတွင် တက်ရောက်ပညာသင်ကြားနေသော အသက် ၅ နှစ်အထက် ကျောင်းသား၊ ကျောင်းသူများအား ဇူလိုင် ၁၈ ရက်နေ့က ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ဒုတိယအကြိမ် ကွင်းဆင်းထိုးနှံပေးကြောင်း သိရသည်။

ထိုသို့ ကာကွယ်ဆေးထိုးနှံပေးရာ ယနေ့ ဓမ္မပါလဘုန်းတော်ကြီးသင် ပညာရေးကျောင်းတွင် (၁၉၆ )ဦး၊ ဝေရိက္ခယ သီလရှင်စာသင်တိုက်တွင် (၃၇ ) ဦး၊ စုစုပေါင်း ကျောင်းသား၊ ကျောင်သူ (၂၃၃) ဦးအား ဒုတတိယအကြိမ် ထိုးနှံပေးခဲ့ကြောင်း၊ ကာကွယ်ဆေး ထိုးရန်ကျန်ရှိသည့် ကျောင်းသား၊ ကျောင်းသူများအား ဆက်လက်ထိုးနှံလျက်ရှိကြောင်း သိရသည်။

အဆိုပါ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် တာဝန်ရှိသူတို့ကကြီးကြပ်ပြီး ကျန်းမာရေးဝန်ထမ်းများ၊ ဆရာ၊ ဆရာမများ၊ စေတနာ့ဝန်ထမ်းများ ပူးပေါင်း ဆောင်ရွက်ကြကြောင်း သိရသည်။

မျိုးဝင်းညို ကျွန်းလှ