မော်လမြိုင်ကျွန်း ဇူလိုင် ၁၈
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်တွင် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနမှ ပူးပေါင်း၍ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန Community Centre တွင် (၇၅)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် မြန်မာ့သိုင်းစွမ်းရည် သရုပ်ပြပွဲအား ယနေ့ နံနက် ၁၀ နာရီအချိန်က ဆောင်ရွက်သည်။
အဆိုပါလုပ်ငန်းများ ဆောင်ရွက်ရာတွင် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သော မိုးရာသီအဆင့်မြင့် အားကစားသင်တန်းမှ သင်တန်းသားများ၏ မြန်မာသိုင်းစွမ်းရည် သရုပ်ပြသမှုအပိုင်း လက်ရေးစွမ်းရည်ပြသမှု (၅)ခုနှင့် တိုက်ခိုက်မှုစွမ်းရည် ပြသမှုများအား သရုပ်ပြခဲ့ကြောင်း သိရသည်။
အောင်အောင်(ပြန်/ဆက်)