ကရသူရိမြို့ လူထုအခြေပြုဗဟိုဌာန၌ (၇၅)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် နံရံကပ်စာစောင်နှင့် ဓာတ်ပုံပြပွဲ ပြသခြင်း ဆောင်ရွက်

ကရသူရိ  ဇူလိုင် ၁၈

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ကရသူရိမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန၌ (၇၅)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် နံရံကပ်စာစောင်နှင့် ဓာတ်ပုံပြပွဲ ပြသခြင်းကို ယနေ့နံနက် ၁၀နာရီက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်ခြင်းကို မြို့ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ကျောင်းသား/သူများ အသိပညာဗဟုသုတရရှိရေးနှင့် အာဇာနည်နေ့ တို့မမေ့၊ အာဇာနည် ခေါင်းဆောင်ကြီးများ၏သမိုင်းအကြောင်းအရာများကို သိရှိနားလည်ထားကြရန် ရည်ရွယ်ပြီး ပြသခြင်းဖြစ်ရာ အဆိုပါပြသရာတွင်  မြန်မာ့လွတ်လပ်ရေး ဗိသုကာကြီး ဗိုလ်ချုပ်အောင်ဆန်း၏ သမိုင်းဝင်မှတ်တမ်းဓာတ်ပုံများနှင့် မိန့်ခွန်းကောက်နုတ်ချက်များ၊ အာဇာနည်ခေါင်းဆောင်ကြီး များ၏ မှတ်တမ်းဓာတ်ပုံများ၊ ကိုယ်ရေးအကျဉ်းနှင့် အာဇာနည်နေ့နှင့် ပတ်သက်သည့် စာအုပ်/ စာစောင်များကို ခင်းကျင်းပြသရာ ကျောင်းသား/သူများက စိတ်ဝင်တစား လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)