သနပ်ပင် ဇူလိုင် ၁၈
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ သနပ်ပင်မြို့နယ်တွင် ၂၀၂၂ ခုနှစ် ဇူလိုင်လ (၁၉) ရက်နေ့တွင် ကျရောက်မည့် (၇၅)နှစ်မြောက် အာဇာနည်နေ့အား ဂုဏ်ပြုကြိုဆိုသောအားဖြင့် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးဌာနနှင့် စာပေဝါသနာရှင်များ (Book Club) အဖွဲ့တို့ပူးပေါင်း၍ အာဇာနည်အကြောင်း အသိညာပေး (Talk Show) ဆွေးနွေးပွဲကို ယနေ့ နံနက်ပိုင်းက လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးအရာရှိ ဒေါ်ညိုပြာက ပြည်သူများ အသိပညာဗဟုသုတများရရှိစေရန် လစဉ် Onlie စနစ်ဖြင့် ဆွေးနွေးပွဲများ ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး မြို့နယ်စာပေဝါသနာရှင် (Book Club) အဖွဲ့ ဦးတင်ဝင်းမှ နောင်လာနောင်သားများအား အာဇာနည်နေ့ဖြစ်ပေါ်လာပုံ သမိုင်းကြောင်းများ၊ ဗိုလ်ချုပ်အောင်ဆန်း၏ လေးစားဖွယ်အတုယူဖွယ်ကောင်းသော အကြောင်းအရာများကို လည်ကောင်း၊ အာဇာနည် ခေါင်းဆောင်ကြီးများ၏ အတ္ထုပတ္တိအကျဉ်း အကြောင်းအရာများကို ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။
လှမိုး(ပြန်/ဆက်)