သွေးလွန်တုပ်ကွေးနှင့် ငှက်ဖျားရောဂါ မဖြစ်ပွားရေး အခြေခံပညာကျောင်းများသို့ ခြင်ဆေးဖျန်း

ရေကြည် ဇူလိုင် ၁၈

ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင် ရေကြည်မြို့နယ်၊ ပြည်သူ့ကျန်းမာရေးဌာနနှင့် ပရဟိတအဖွဲ့များ ပူးပေါင်း၍ ရေကြည်မြို့နယ်ရှိ ကွင်းသုံးဆင့် စာသင်ကျောင်းအား မိုးရာသီတွင် ဖြစ်ပွားတတ်သည့် ရောဂါများမဖြစ်ပွားရေး ခြင်ဆေးဖျန်းခြင်းလုပ်ငန်းကို ယနေ့ နံနက်ပိုင်းက လိုက်လံဆောင်ရွက်ပေးခဲ့သည်။

ခြင်ဆေးဖျန်းခြင်းလုပ်ငန်းကို မြို့နယ်ပြည်သူ့ကျန်းမာရေး ဝန်ထမ်းများနှင့် ကျောင်းအုပ်ဆရာကြီး အပါအဝင် ကျောင်းအကျိုးတော်ဆောင်များက ကျောင်းသား ကျောင်းသူများ မိုးရာသီအတွင်း ဖြစ်ပွားတတ်သည့် သွေးလွန်တုပ်ကွေးနှင့် ငှက်ဖျားရောဂါများ မဖြစ်ပွားရေး၊ ကျောင်းသား၊ ကျောင်းသူများ ရောဂါဘယ ကင်းဝေးစွာ ပညာသင်ကြားနိုင်ရေး ရည်ရွယ်ချက်ဖြင့် စာသင်ခန်းများတွင် ခြင်များ ခိုအောင်းနိုင်သော နေရာများကို ခြင်ဆေးများဖျန်းခြင်း ကျောင်းဝန်းအတွင်း ခြင်များ ခိုအောင်းနိုင်ခြင်း မရှိစေရေးအတွက် ချုံနွယ်ပိတ်ပေါင်းများ ရှင်းလင်းခြင်း၊ ကျောင်းဝန်းအတွင်း ခြင်များ ပေါက်ဖွားနိုင်သည့် ရေတင်ကျန်နိုင်သော ဘူး၊ ခွက်၊ တာယာဟောင်းများနှင့် စွန့်ပစ်ပစ္စည်းများအား ဖယ်ရှားရှင်းလင်းခြင်း၊ ကျောင်းဝန်းအတွင်း/ အပြင်ရှိ ရေနှုတ်မြောင်းများအား ရေစီးရေလာ ကောင်းမွန်စေရေးအတွက် ဆောင်ရွက်ခြင်း၊ ကျောင်းဝန်းအတွင်းရှိ ရေစည်၊ ရေအိုးများနှင့် ရေသိုလှောင်ကန်များအတွင်း ခြင်များ ပေါက်ပွားမှု ကင်းဝေးစေရေးအတွက် အဘိတ်ဆေးများ လိုက်လံခတ်ပေးခြင်းကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)