ငရုတ်ကောင်းမြို့၌ (၇၅)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် ဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် စာဖတ်စွမ်းရည်ပြိုင်ပွဲများကျင်းပ

ငရုတ်ကောင်း ဇူလိုင် ၁၈

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငရုတ်ကောင်းမြို့တွင် ဇူလိုင်လ(၁၉)ရက်နေ့တွင် ကျရောက်မည့် (၇၅)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ်အဖြစ် ဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် စာဖတ်စွမ်းရည်ပြိုင်ပွဲများကို ယမန်နေ့၊ နေ့လည်ပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ကျင်းပပြုလုပ်ကြောင်း သိရသည်။

အခမ်းအနားတွင် ငရုတ်ကောင်းမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးမှူး ဒေါ်ကျော်မာလာလွင်က အာဇာနည်ခေါင်းဆောင်ကြီးများ၏ ကိုယ်ရေးအတ္တုပတ္တိများအကြောင်း အာဇာနည်နေ့ ဖြစ်ပေါ်လာပုံ သမိုင်းကြောင်းများနှင့် အာဇာနည်စိတ်ဓာတ်များအကြောင်း၊ အာဇာနည်နေ့ အခမ်းအနားများ ကျင်းပပြုလုပ်ရခြင်း ရည်ရွယ်ချက်များအကြောင်း ဟောပြောခဲ့သည်။

ထို့နောက် အခမ်းအနားသို့ တက်ရောက်တက်ရောက်လာသည့် ကျောင်းသား၊ ကျောင်းသူများကို စာဖတ်စွမ်းရည်များ တိုးတက်လာစေရန် အာဇာနည်နေ့အကြောင်း ရေးသားထားသော စာအုပ်များကို ဖတ်ကြားစေပြီး ပြိုင်ပွဲကျင်းပပေးခဲ့ပြီး အာဇာနည် ခေါင်းဆောင်ကြီးများအကြောင်း ပြသထားသည့် နံရံကပ်စာစောင်များနှင့် စာအုပ်များအား လေ့လာကြည့်ရှုကြကြောင်း သိရသည်။

ငရုတ်ကောင်း(ပြန်/ဆက်)