ကမမောင်း ဇူလိုင် ၁၈
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်းမြို့တွင် ခြင်ကျားကင်းစင်ရေးနှင့် သွေးလွန်တုတ်ကွေးရောဂါကာကွယ်ရေးအတွက် ခြင်ဆေးဖျန်းခြင်း လုပ်ငန်းများကို ယမန်နေ့နံနက် (၉)နာရီ အချိန်က ကမမောင်းမြို့ အခြေခံပညာကျောင်းများတွင် ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထို့သို့ဆောင်ရွက်ရာတွင် ကမမောင်းမြို့ စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဥက္ကဋ္ဌ ဦးသန်းကျော်သူ ဦးဆောင်၍ မြို့စည်ပင်သာယာရေးဝန်ထမ်းများနှင့် ကြက်ခြေနီတပ်ဖွဲ့ဝင်များက ကမမောင်းမြို့ အခြေခံပညာကျောင်းများတွင် ခြင်ဆေးဖျန်းခြင်း၊ သိုလှောင်ထားသော ရေကန်များအတွင်း အဘိတ် ဆေးများခတ်ပေးခြင်း လုပ်ငန်းများအား ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
တင်တင်လှ(ပြန်/ဆက်)