မင်းလှမြို့တွင် (၇၅)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် စာစီစာကုံးနှင့်ကဗျာပြိုင်ပွဲ ကျင်းပပြုလုပ်

အထက်မင်းလှ ဇူလိုင် ၁၈

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် ကျောင်းသား/ကျောင်းသူများ ဉာဏ်ရည်ဉာဏ်သွေးထက်မြက်စေရန်နှင့် မြန်မာစာစွမ်းရည်တိုးတက်မြင့်မားလာစေရေးအတွက် ဇူလိုင်လ(၁၉)ရက်နေ့တွင် ကျရောက်မည့် (၇၅)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် အထက်တန်းနှင့် အလယ်တန်းအဆင့် စာစီစာကုံးနှင့်ကဗျာပြိုင်ပွဲတို့ကို ယနေ့ နံနက် ၉ နာရီက မင်းလှအခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပခဲ့သည်။

မင်းလှမြို့၌ (၇၅)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် အထက်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲ၌ “အာဇာနည်နေ့တို့မမေ့” ခေါင်းစဉ်ဖြင့် ကျောင်းသား/ကျောင်းသူ(၂၇)ဦးမှလည်းကောင်း၊ အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲတွင် "တစ်ဆယ့်ကိုးဇူလိုင်မမေ့နိုင်" ခေါင်းစဉ်ဖြင့် ကျောင်းသား/ကျောင်းသူ (၁၁)ဦးမှလည်းကောင်း၊ အထက်တန်းအဆင့်နှင့်အလယ်တန်းအဆင့် ကဗျာပြိုင်ပွဲတွင် “မျက်ရည်သွန်းဖြိုးဇူလိုင်တစ်ဆယ့်ကိုး” ခေါင်းစဉ်ဖြင့် အထက်တန်း ကျောင်းသား/ကျောင်းသူ(၄)ဦးနှင့် အလယ်တန်းအဆင့်ကျောင်းသား/ကျောင်းသူ (၁)ဦးတို့ ဝင်ရောက်ဖြေဆိုခဲ့ကြပြီး ဆုရရှိသည့် ကျောင်းသား/ကျောင်းသူများကို မင်းလှအခြေခံပညာအထက်တန်းကျောင်း၊ ကျောင်းအုပ်ဆရာမကြီးနှင့်ဆရာ/ဆရာမများက ဆုများပေးအပ် ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။

 ဇာဇာ(အထက်မင်းလှ)