နာဂ​ဒေသ၊ နန်းယွန်းမြို့ အထက်တန်းကျောင်းတွင် (၇၅)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် စာစီစာကုံးနှင့်ကဗျာ​​ပြိုင်ပွဲများကျင်းပ

နန်းယွန်း ဇူလိုင် ၁၈

စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နန်းယွန်းမြို့အခြေခံပညာအထက်တန်း ကျောင်းတွင် (၇၅)နှစ်မြောက် အဇာနည်နေ့အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲနှင့်ကဗျာပြိုင်ပွဲကို ယမန်နေ့ နံနက် ၇ နာရီအချိန်၌ ကျင်းပသည်။

ထိုသို့ဆောင်ရွက်ရာတွင် နိုင်ငံတော်လွတ်လပ်ရေးရရှိရေးအတွက် စိတ်အား၊ ကိုယ်အား၊ ပညာအား၊ လက်ရုံးရည်၊ နှလုံးရည်များဖြင့် ဆောင်ရွက်ရင်း အသက်စွန့်ခဲ့ရသော အာဇာနည်ခေါင်းဆောင်များကို လေးစားဂုဏ်ပြုသောအားဖြင့် အာဇာနည်နေ့အထိမ်းအမှတ် ပြိုင်ပွဲများဖြစ်သည့် စာစီစာကုံးပြိုင်ပွဲကို အထက်တန်းနှင့်အလယ်တန်းအဆင့်အား အာဇာနည်နေ့ဖြစ်ပေါ်လာပုံ ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ကဗျာပြိုင်ပွဲကို မူလတန်းအဆင့် အာဇာနည်နေ့တို့မမေ့ ခေါင်းစဉ်ဖြင့်လည်းကောင်း၊ အထက်တန်း၊ အလယ်တန်း၊ မူလတန်း ကျောင်းသား/ကျောင်းသူများအား ဆယ့်ကိုးဇွန်လိုင်မမေ့နိုင် ခေါင်းစဉ်တို့ဖြင့်လည်းကောင်း ပြိုင်ပွဲများ ကျင်းပပြုလုပ်ပေးခဲ့ကြောင်း နန်းယွန်း​မြို့နယ်၊ အခြေခံပညာအထက်တန်းကျောင်းအုပ် ဆရာကြီး ဦးရှန်ယုန်ထံမှသိရသည်။

အဆိုပါ အာဇာနည်နေ့အထိမ်းအမှတ် စာစီစာကုံးဝင်ပြိုင်သူ အထက်တန်းအဆင့်(၃၅)ဦး၊ အလယ်တန်းအဆင့်(၄၈)ဦး၊ မူလတန်းအဆင့်(၈)ဦး၊ စုစုပေါင်း(၉၁)ဦးနှင့် ကဗျာဝင်ပြိုင်သူ အထက်တန်းအဆင့် (၁၃)ဦး၊ အလယ်တန်းအဆင့်(၂၉)ဦး၊ မူလတန်းအဆင့်(၁၃)ဦး၊ စုစုပေါင်း(၅၅)ဦးတို့ ပါဝင်ယှဉ်ပြိုင်ကြပြီး ဆုရရှိသည့် ကျောင်းသား၊ ​ကျောင်းသူများအား (၂၀၂၂-၂၀၂၃ )ပညာသင်နှစ်၊ မြို့နယ်ပညာရေးစုံညီပွဲတော်တွင် ဆုများချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ဟန်ကမ်း(ပြန်/ဆက်)