ကျိုက်ဒုံ ဇူလိုင် ၁၈
ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကျိုက်ဒုံမြို့တွင် မြို့ပြအင်္ဂါရပ်နှင့်အညီ သန့်ရှင်းသာယာလှပစေရေး၊ အများပြည်သူများနှင့် ယာဉ်များ ဖြတ်သန်းသွားလာရာတွင် အဆင်ပြေစေရေး၊ မိုးရာသီကာလ၌ ရေစီးရေလာကောင်းမွန်စေရေအတွက် ကျိုက်ဒုံမြို့ စည်ပင်သာယာရေးအဖွဲ့မှ (၂၀၂၂-၂၀၂၃) ခုဘဏ္ဍာရေးနှစ် ပြည်နယ်ခွင့်ပြုရန်ပုံငွေ (၆.၃၅၀) ကျပ်သန်းဖြင့် ကျိုက်ဒုံမြို့အမှတ် (၄) ရပ်ကွက်၊ ဘုရင့်နောင်လမ်းမကြီး၊ လမ်းဆုံနေရာ၌ (Box Culvert) တံတား (၁) စင်း ဆောက်လုပ်ခြင်းလုပ်ငန်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ အမှတ် (၄) ရပ်ကွက်၊ ဘုရင့်နောင်လမ်းမကြီး၊ လမ်းဆုံနေရာ၌ (Box Culvert) တံတား (၁) စင်းမှာ အလျား (၂၅) ပေ၊ အနံ(၄)ပေ၊ အမြင့်(၃)ပေဖြစ်ပြီး ကျိုက်ဒုံမြို့စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ခံအငယ်တန်း အင်ဂျင်နီယာ (၂) ဦးဟန်ဝင်းချိုမှ ကြီးကြပ်ဆောင်ရွက်ခဲ့ရာ ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးပြီးဖြစ်ကြောင်း သိရသည်။
သန်းထွန်းနိုင်(ကျိုက်ဒုံ)