သံတောင်ကြီးမြို့နယ်တွင် (၇၅)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ကဗျာရွတ်ပြိုင်ပွဲပြုလုပ်

သံတောင်ကြီး ဇူလိုင် ၁၈

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့နယ်တွင် ကလေးသူငယ်များ၊ ကျောင်းသူ/ ကျောင်းသားများအနေဖြင့့်် (၇၅)နှစ်မြောက် အာဇာနည်နေ့အကြောင်းသိရှိစေရန်၊ စာကြည်တိုက်နှင့် ရင်းနှင့်ရင်းနှီးကျွမ်းဝင်မှုရှိစေရန်၊ အားလပ်ချိန်ကို တန်ဖိုးရှိစွာအသုံးပြုတတ်စေရန်၊ ဉာဏ်ရည်ဉာဏ်သွေးမြင့်မားစေရန်၊ စာကြည့်တိုက်သို့လာရောက်သည့် အလေ့အထများဖြစ်စေရန်နှင့် စာဖတ်ခြင်းအကျိုးကျေးဇူးများသိစေရန် လူရှေ့သူရှေ့တွင် ပြောရဲဆိုရဲရှိလာစေရန် ယမန်နေ့နံနက်(၉)နာရီအချိန်က မြို့နယ်ပြည်သူ့စာကြည့်တိုက်တွင် ကဗျာရွတ်ပြိုင်ပွဲနှင့် ကလေးစာဖတ်ခန်းတွင် စာအုပ်သယ်ပြိုင်ပွဲ ပြုလုပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်ဦးစီးမှူး နော်လော်မူက ပြိုင်ပွဲပြုလုပ်ရခြင်း ရည်ရွယ်ချက်များကို ပြောကြားပြီး ပြိုင်ပွဲများကို ဆက်လက်ပြုလုပ်ရာ ကဗျာရွတ်ပြိုင်ပွဲတွင် သံတောင်ကြီးမြို့ပေါ်ရှိ ကျောင်းသူ/ကျောင်းသား (၁၀)ဦး စာအုပ်သယ်ပြိုင်ပွဲတွင် ကျောင်းသူ/ကျောင်းသား (၁၂)ဦး တို့က ပါဝင်ယှဉ်ပြိုင်ကြပြီး ဆုရရှိသူများကို အမှတ်တရလက်ဆောင်များ ပေးအပ်ခဲ့ကြောင်း သိရသည်။

နော်နော်မူ