မေတ္တာ ဇူလိုင် ၁၈
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ မေတ္တာမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ (Community Center)ခန်းမတွင် (၇၅) ကြိမ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် ဗိုလ်ချုပ်ပုံတူ ရေးဆွဲပြိုင်ပွဲနှင့် ဉာဏ်စမ်းပဟေဠိ ပြိုင်ပွဲများကို ယမန်နေ့ နံနက်(၁၀) နာရီခွဲ အချိန်က ကျင်းပခဲ့သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မေတ္တာမြို့ရုံးမှ ရုပ်သံကျွမ်းကျင် -၃ က ပြိုင်ပွဲကျင်းပရခြင်း ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားခဲ့ပြီး ပြိုင်ပွဲကို စတင်ကျင်းပပေးခဲ့သည်။
ထိုသို့ ပြိုင်ပွဲများ ကျင်းပပေးခြင်းအားဖြင့် ကလေးငယ်များ ကျောင်းပိတ်ရက်အတွင်း အချိန်ကို အကျိုးရှိစွာ အသုံးချတတ်စေရန်၊ အနုပညာ စွမ်းပကားများ ထွန်းကားလာစေရန်၊ အနာဂတ်ကလေးငယ်များအနေဖြင့် မိမိနိုင်ငံ၏ သမိုင်းအကြောင်းအရာများကို သိရှိထားပြီး မှတ်သား တတ်စေရန်၊ အရာရာကို သိရှိနာလည်ပြီး အမှားအမှန်ဝေဖန်ပိုင်းခြားတတ်စေရန် ရည်ရွယ်ပြီး ပြိုင်ပွဲများ ကျင်းပပေးခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ ပြိုင်ပွဲတွင် Sunday School မှ ကလေးငယ်များ(၁၃)ဦး ပါဝင်ပြိုင်ခဲ့ကြပြီး ပြိုင်ပွဲတွင် အကောင်းဆုံး ပါဝင်ယှဉ်ပြိုင်နိုင်သူများကို အမှတ်တရ လက်ဆောင်များ ပေးအပ်ခဲ့ကြောင်း သိရသည်။
အေးအေးချို (မေတ္တာ)