ဘားအံ ဇူလိုင် ၁၈
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့နယ်တွင် ကလေးသူငယ်များ၊ ကျောင်းသူ/ကျောင်းသားများအနေဖြင့့်် (၇၅)နှစ်မြောက်အာဇာနည်နေ့အကြောင်းသိရှိစေရန်၊ စာကြည်တိုက်နှင့် ရင်းနှီးကျွမ်းဝင်မှုရှိစေရန်၊ အားလပ်ချိန်ကို တန်ဖိုးရှိစွာအသုံးပြုတတ်စေရန်၊ ဉာဏ်ရည်ဉာဏ် သွေးမြင့်မားစေရန်၊ စာကြည့်တိုက်သို့ လာရောက်သည့်အလေ့အထများဖြစ်စေရန်နှင့် စာဖတ်ခြင်း အကျိုးကျေးဇူးများသိစေရန် ယမန်နေ့နေ့လယ်(၂)နာရီအချိန်က မြို့နယ်ပြည်သူ့စာကြည့်တိုက် ကလေးစာဖတ်ခန်းတွင် ဆေးရောင်ခြယ်ပြိုင်ပွဲပြုလုပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်ဦးစီးမှူးနော်လော်မူက ပြိုင်ပွဲပြုလုပ်ရခြင်း ရည်ရွယ်ချက်များကိုပြောကြားပြီး ဆေးရောင်ခြယပြိုင်ပွဲများကိုဆက်လက်ပြုလုပ်ရာ သံတောင်ကြီးမြို့ပေါ်ရှိကျောင်းသူ/ကျောင်းသား (၁၇)ဦးတို့ကပါဝင်ယှဉ်ပြိုင်ကြပြီး ဆုရရှိသူများကို အမှတ်တရလက်ဆောင်များပေးအပ်ခဲ့ကြောင်း သိရသည်။
နော်နော်မူ