ညောင်တုန်းမြို့နယ်တွင် (၇၅)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ်အကြို စာအုပ်ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲကျင်းပ

ညောင်တုန်း ဇူလိုင် ၁၈

ဧရာ၀တီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ (Community Centre) ခန်းမတွင် (၇၅)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ်အကြို စာအုပ်ပြပွဲနှင့် နံရံကပ် စာစောင်ပြပွဲကို ဇူလိုင် ၁၅ ရက်နေ့ မွန်းလွဲ ၁ နာရီအချိန်က ကျင်းပခဲ့သည်။

စာအုပ်ပြပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်တင်တင်လှိုင်က အာဇာနည်နေ့အထိမ်းအမှတ် ပြပွဲပြုလုပ်ရခြင်း ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြား၍ စာအုပ်ပြပွဲကို ကျင်းပရာ တက်ရောက်လာသူများက စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့သည်။

ဆက်လက်၍ အာဇာနည်နေ့ဖြစ်ပေါ်လာပုံ၊ အာဇာနည်ပုဂ္ဂိုလ်များ​၏ အတ္ထုပ္ပတ္တိများ၊  ဗိုလ်ချုပ်အောင်ဆန်း​နှင့် အာဇာနည်ခေါင်းဆောင်ကြီးများ၏ ဆောင်ရွက်မှု မှတ်တမ်းများ၊ ကာတွန်းများ၊ ကဗျာများပါဝင်‌သော နံရံကပ် စာစောင်များကို ပြသခဲ့‌ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)